Social Icons

Pages

Wednesday, March 14, 2018

မော်တော်ယာဉ် တင်သွင်းခွင့် ပြုချိန်မှစ၍ ယခုနှစ် ဖေဖော်ဝါရီလကုန်ထိ ယာဉ်အစီးရေ ခြောက်သိန်း တစ်သောင်းကျော် ခွင့်ပြုဆောင်ရွက်ပေးခဲ့



ရန်ကုန် ၁၄-၃-၂ဝ၁၈

အထူးအစီအစဉ်ဖြင့် မော်တော်ယာဉ်များ တင်သွင်းခွင့် ပြုပေးချိန်မှစ၍ ယခုနှစ် ဖေဖော်ဝါရီလကုန်ထိ မော်တော်ယာဉ် အစီးရေခြောက်သိန်း တစ်သောင်းကျော် ခွင့်ပြုဆောင်ရွက်ပေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနသတင်းများအရ သိရသည်။

ယခုအခါ မော်တော်ယာဉ် အရောင်းပြခန်းများ တိုးတက်များပြား လာသကဲ့သို့ မော်တော်ယာဉ် တင်သွင်းမှုများလည်း တိုးတက်များပြား လာခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြု ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပေးမှုများအရ ယာဉ်အို၊ ယာဉ်ဟောင်း အစီအစဉ်ဖြင့် မော်တော်ယာဉ်ပါမစ် ထုတ်ပေးမှုများတွင် အရောင်းစင်တာများမှ ဝယ်ယူမှုအပါအဝင် မော်တော်ယာဉ်ပါမစ် ထုတ်ပေးမှု ၂၃၈ဝ၇၁စီး၊ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ၊ ကုမ္ပဏီများ၊သင်္ဘောသားများ၊ ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမားများကို မော်တော်ယာဉ် ပါမစ်ထုတ်ပေးမှု ၆၃၃၉ စီး နှင့်လူပုဂ္ဂိုလ် တစ်ဦးချင်းအစီအစဉ်ဖြင့် မော်တော်ယာဉ်ပါမစ်ထုတ်ပေးမှုမှာ အရောင်းစင်တာ၊ အရောင်းပြခန်းများမှ ဝယ်ယူမှုအပါအဝင် မော်တော်ယာဉ် ၃၆၆ဝ၂၅ စီးတို့ကို ခွင့်ပြုဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်တင်သွင်းမှု များနှင့်ပတ်သက်၍ ယခုနှစ်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစစ်ဆေး ဆောင်ရွက်မှုများအရ သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိသည့် အရောင်းစင်တာနှင့် ပြခန်းများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...