Social Icons

Pages

Monday, February 19, 2018

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn က ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံ



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်င်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့်ဇနီး Mrs. Penlaksana Patimapragorn တို့ အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်တီးဝိုင်းအဖွဲ့နှင့် အန်ထောင်းခရိုင် ယဉ်ကျေးမှုတက္ကသိုလ်မှဖျော်ဖြေရေးအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်င်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့်ဇနီး Mrs. Penlaksana Patimapragorn တို့ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်င်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့်ဇနီး Mrs. Penlaksana Patimapragorn တို့ဖျော်ဖြေရေး အဖွဲ့များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၁၉-၂-၂ဝ၁၈

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့်ဇနီးတို့က ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းတွင် ဗန်ကောက်မြို့ရှိ Dusit Thani ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူဇနီး ဒေါ်ကြူကြူလှနှင့်မိသားစုဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့်ဇနီး တို့တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူဇနီး Mrs. Penlaksana Patimapragorn ၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး Mrs. Jiraporn Srisuwan ၊ ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များအား ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ညစာအား အတူတကွသုံးဆောင် ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်တီးဝိုင်းအဖွဲ့နှင့် အန်ထောင်းခရိုင် ယဉ်ကျေးမှုတက္ကသိုလ်မှ ဖျော်ဖြေရေးအဖွဲ့များက နှစ်နိုင်ငံတေးသံသာများ သီဆိုတီးမှုတ်ပြီး ထိုင်းရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချစ်ကြည်ရေး ခရီးစဉ်အတွင်းအဖွဲ့ဝင်အဖြစ် လိုက်ပါလာသော စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၉)၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉)၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၁၉)နှင့် အမျိုးသမီးဘွဲ့ရဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၃) တို့မှ အကောင်းဆုံးဗိုလ်လောင်း ဆုရရှိခဲ့သည့် အရာရှိ ၄ ဦးအား ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့် မိတ်ဆက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်တီးဝိုင်းအဖွဲ့နှင့် အန်ထောင်းခရိုင် ယဉ်ကျေးမှုတက္ကသိုလ်မှ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ပြီး ဖျော်ဖြေရေးအဖွဲ့များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...