Social Icons

Pages

Wednesday, January 10, 2018

အချိန်အခါမဲ့ မိုးရွာသွန်းခဲ့သောကြောင့် စစ်ကိုင်းခရိုင်အတွင်းရှိ သီးနှံစုံစိုက်ခင်း ဧက ၅ဝဝ ကျော် ရေနစ်မြုပ်ခဲ့



မုံရွာ ၁ဝ-၁-၂ဝ၁၈

အချိန်အခါမဲ့ မိုးရွာသွန်းခဲ့သောကြောင့် စစ်ကိုင်းခရိုင်အတွင်းရှိ သီးနှံစုံစိုက်ခင်းဧက ၈၅ဝဝကျော် ရေနစ်မြုပ်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီ ၁ ရက်မှ ၄ ရက်ထိ အချိန်အခါမဲ့ မိုးရွာသွန်းခဲ့ခြင်းကြောင့် စစ်ကိုင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စုမှ မိုးစပါး ၃၉ ဧက၊ ဂျုံဧက ၃ဝ၊ ကုလားပဲ ၆ဝ၃၃ ဧက စုစုပေါင်းသီးနှံစုံ စိုက်ခင်း ၆၁ဝ၂ ဧကနှင့် မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅အုပ်စုမှ မိုးစပါး ၄၂ ဧက၊ နွေစပါး ၂၁ ဧက၊ ကုလားပဲ ၁၇၃၄ဧက၊ မတ်ပဲခုနစ်ဧက၊ မြေပဲ ၅၂ဧက၊ ကြက်သွန်နီ ၆၂၆ဧက၊ ဟင်းသီးဟင်းရွက် ကိုးဧက စုစုပေါင်းသီးနှံစုံစိုက်ခင်း၂၄၉၁ဧက ရေလွှမ်းမိုးခဲ့ပြီး စစ်ကိုင်းခရိုင် အချုပ်အနေဖြင့် မိုးစပါး ၈၁ ဧက၊ နွေစပါး၂၁ဧက၊ ဂျုံဧက ၃ဝ၊ ကုလားပဲ ၇၇၆၇ဧက၊ မတ်ပဲခုနစ်ဧက၊ မြေပဲ ၅၂ဧက၊ ကြက်သွန်နီ ၆၂၆ဧက၊ ဟင်းသီးဟင်းရွက် ကိုးဧက သီးနှံစုံစိုက်ခင်းစုစုပေါင်း ၈၅၉၃ဧက ရေလွှမ်းမိုးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သီးနှံစိုက်ခင်းများ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း၍ တောင်သူများနှင့် ပူးပေါင်းကာ ရေနစ်မြုပ်သော သီးနှံစိုက်ခင်းများကို ရေထုတ်ခြင်း၊ ရေထုတ်ပြီးသော စိုက်ခင်းများတွင် ဂျစ်ပဆမ်ကျောက်မှုန့် မြေသြဇာ ကြဲပက်စေခြင်းနှင့် သီးနှံအလိုက် မှိုရောဂါကျရောက်ခြင်းမှ ကာကွယ်နှိမ်နင်းရန် မှိုသတ်ဆေးပက်ဖျန်း စေခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အချိန်အခါမဲ့ မိုးရွာသွန်းခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးနိုင်မည့် သီးနှံစိုက်ခင်းများ၏ စာရင်းများကို သိရှိနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...