Social Icons

Pages

Wednesday, January 10, 2018

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ့ကုန်သွယ်မှု အခြေအနေ သမိုင်းမှတ်တိုင်တစ်ရပ် ထူထောင်နိုင်မည့် အလားအလာကောင်းများ ရှိနေဟုဆို



နေပြည်တော် ၁ဝ-၁-၂ဝ၁၈

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ကုန်သွယ်မှု သမိုင်း၌ အမြင့်ဆုံး စံချိန်တင်နိုင်ခဲ့ပြီး ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်လည်း သမိုင်းမှတ်တိုင်တစ်ရပ် ထပ်မံထူထောင်နိုင်မည့် အလားအလာကောင်းများ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အခြေအနေသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိရာ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်ထိ မြင့်မားတိုးတက် လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ၂၁ ဘီလီယံကုန်သွယ်မှု ပြုနိုင်ခဲ့သဖြင့် စုစုပေါင်းကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ၂၉ဒသမ၂၁ဘီလီယံဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုသမိုင်း တစ်လျှောက်တွင် အမြင့်ဆုံးစံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ ၂၂ ရက်ထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၉ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ၂၆ဘီလီယံထိ ဆောင်ရွက်နိုင်ခဲ့၍ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၃ဒသမ၂၅ဘီလီယံထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ဆောင်ရွက်နိုင်မှုသည် ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ် ကာလတူထက် ၃ ဒသမ၇၈ဘီလီယံ ပိုမိုဆောင်ရွက် နိုင်ခဲ့သဖြင့် ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်လည်း မြန်မာ့ကုန်သွယ်မှု သမိုင်းတွင် မှတ်တိုင်တစ်ရပ် ထပ်မံထူနိုင်မည့် အလားအလာ ကောင်းများရှိနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...