Social Icons

Pages

Thursday, April 18, 2019

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၏ မြန်မာနှစ်သစ်ကူး သြဝါဒ

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော်  ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၏ မြန်မာနှစ်သစ်ကူး သြဝါဒ
-
တိုင်းသူပြည်သားအားလုံးနှင့်တကွ ကမ္ဘာသူကမ္ဘာသားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု နှစ်စဉ် အမြဲ ဆုတောင်းမေတ္တာပို့သ နေကျအတိုင်း ဆုတောင်းမေတ္တာပို့သပါသည်။ ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာပါက သက်ရှိသတ္တဝါတွေအားလုံး ကျန်းမာချမ်းသာကြပေမည်။ 
-
သတ္တဝါတွေအားလုံးဘုရားဂုဏ်တော်ကို အမြဲမပြတ်အောက်မေ့ပြီး အနုဿတိ ဘာဝနာ ပွားများပါမှ ဘုရားဓာတ်တွေကူးပြီး သတ္တ လောကကြီး ချမ်းချမ်းသာသာရှိပေမည်။ ထို့ပြင် မေတ္တာဘာဝနာပွားပါမှ အေးချမ်းသာယာသော လောကကြီးဖြစ်လာနိုင်ပေမည်။ ဘုရားဂုဏ်တော်ပုတီးစိပ်ပြီးမေတ္တာပွားပါမှ ကမ္ဘာသူကမ္ဘာသား သက်ရှိ သတ္တလောကကြီး အေးချမ်းသာယာ ရှိပေမည်။ 
-
ထို့ကြောင့် သတ္တလောကကြီးအေးချမ်းသာယာ၍ ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာ ကြစေရန် အလွန်တရာလိုလား အပ်သော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းနှင့် မေတ္တာကမ္မဋ္ဌာန်း နှစ်ပါးကို ကြိုးစားပွားကြပါစို့။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...