Social Icons

Pages

Friday, January 19, 2018

ဂေါ်ရန်ဂျီကျွန်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဖေဖော်ဝါရီလအတွင်း စက်ဘီးစီးခရီးစဉ် ထပ်မံလုပ်ဆောင်ရန်စီစဉ်



ငရုတ်ကောင်း ၁၉-၁-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့နယ်ရှိ ဂေါ်ရန်ဂျီကျွန်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း စက်ဘီးစီးခရီးစဉ် ထပ်မံလုပ်ဆောင်ရန် စီစဉ်ထားကြောင်း ဂေါ်ရန်ဂျီကျွန်း ဒေသ ဒေသန္တရ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့နည်းပညာအကြံပေး ကိုတူးမိုင်ထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက AD (Another Development) အဖွဲ့၏ ဖိတ်ခေါ်မှုဖြင့် တောင်တက်အဖွဲ့များနှင့် စက်ဘီးစီး အဖွဲ့များပါဝင်သည့် အဖွဲ့သည် ဂေါ်ရန်ဂျီကျွန်းသို့ စက်ဘီးစီးခရီးစဉ်အဖြစ် သွားရောက်ရာ အောင်မြင် ခဲ့သည့်အတွက် မိုးရာသီမရောက်မီ လစဉ် တစ်လလျှင်တစ်ကြိမ်နှုန်း သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

''Eco - Tourism အနေနဲ့ပဲ သွားမယ်ဆိုတော့ လူတွေအများစုက ကားတွေနဲ့ပဲ သွားနေကြတဲ့နေရာမှာ စက်ဘီးတွေ များများသုံးဖို့ လှုံ့ဆော်ချင်တယ်။ ရန်ကုန်မှာလည်း စက်ဘီးတွေ များများသုံးစေချင်တယ်။ စက်ဘီးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အများကြီးအရေး ပါတယ်ဆိုတာကို သတင်းပေးချင်တာပါ'' ဟု ဂေါ်ရန်ဂျီကျွန်းဒေသ ဒေသန္တရခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ ဦးဆောင်အဖွဲ့ဝင် ဦးမျိုးညွန့်သန်းက ပြောသည်။

ဂေါ်ရန်ဂျီကျွန်းသို့ မကြာသေးမီက သက်ဆိုင်ရာဝန်ကြီး ဌာနမှတာဝန်ရှိသူများ လာရောက်ကာ ဒေသခံများနှင့်တွေ့ဆုံ၍ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ဆွေးနွေးပြီး လမ်းပြုပြင်မှုများ ပြုလုပ်ထားသည့်အတွက် လတ်တလော သောကြာ၊စနေနှင့် တနင်္ဂနွေနေ့တို့တွင် ခရီးသွားဝင်ရောက်မှု နှုန်းများပြားနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...