Social Icons

Pages

Friday, January 19, 2018

မြန်မာ-ထိုင်း ချစ်ကြည်ရေး အလှူရှင်များ ပူးပေါင်း၍ သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပမည်



မန္တလေး ၁၉-၁-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ-ထိုင်းချစ်ကြည်ရေး မြန်မာအလှူရှင်များနှင့် ထိုင်းနိုင်ငံဓမ္မကာယ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၁ ရက်နေ့တွင်မန္တလေး ချမ်းမြသာစည် လေဆိပ်ကွင်းဟောင်း၌ ကျင်းပပြုလုပ်မည့် သံဃာအပါး၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တစ်ပါးလျှင် နဝကမ္မဝတ္ထုငွေကျပ် သုံးသောင်းနှင့်အတူ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးစိုးလင်း (မဟာမုနိဘုရားကြီး ဂေါပကဥကဋ္ဌ္က ) ကပြောပြ၍ သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် ထိုင်းနိုင်ငံအလှူရှင်များက ငွေကျပ်သိန်း၎ဝဝဝနှင့် မြန်မာနိုင်ငံ အလှူရှင်များက သိန်း၎ဝဝဝ စုစုပေါင်းလှူဒါန်း ငွေကျပ်သိန်း ၈ဝဝဝနှင့်အတူ အခြားအလှူရှင်များက လှူဖွယ်ဝတ္ထု ပစ္စည်းအစုစုတို့ကို လောင်းလှူ သွားကြမည် ဖြစ်ကြောင်း သိရသည်။

"တစ်ပါးကို အလှူခံထားတာ ကတော့ ငွေကျပ်၂ဝဝဝဝနှုန်းနဲ့ပါ။ ထိုင်းဘက်ကလဲတစ်ပါးကို ငွေကျပ်၂ဝဝဝဝနှုန်းဆိုတော့ သံဃာတစ်ပါးကို ငွေကျပ် ၄ဝဝဝဝ နှုန်းလှူဒါန်း ဖြစ်သွားမှာပါ။ ဒါပေမဲ့ လောင်းလှူမယ့်ပမာဏ ကတော့ တစ်ပါးကို နဝကမ္မဝတ္ထု ငွေကျပ်၂ဝဝဝဝနှုန်းလှူဒါန်းသွားမှာပါ။ ကျန်တဲ့ငွေကိုတော့ ဆွမ်းကပ်မယ်။ နေ့ဆွမ်းကို ဘူးနဲ့ထည့်ပြီး သံဃာအပါး ၂ဝဝဝဝ လောင်းလှူပွဲတံဆိပ်ပါတဲ့ ပလတ်စတစ်အိတ်လေးထဲမှာ ထည့်ပြီး တစ်ပါးချင်း ကပ်လှူသွားမှာပါ။ ကျန်တဲ့ငွေကတော့ အခမ်းအနား ပြင်ဆင်စရိတ်တွေ၊ လေယာဉ်ကွင်း ရှင်းလင်းရတဲ့စရိတ်တွေ စတဲ့အထွေထွေ ကုန်ကျစရိတ်တွေမှာ သုံးစွဲသွားမှာပါ။ သံဃာအပါး ၂ဝဝဝဝမှာ ထိုင်းနိုင်ငံက သံဃာတော် အပါး ၆ဝ ပါဝင်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...