ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း International Labour Organization (ILO) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines အား လက်ခံတွေ့ဆုံစဉ်။
နေပြည်တော် ၁၉-၁-၂ဝ၁၈
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် International Labour Organization (ILO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Greg Vines အား ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး International Labour Organization (ILO) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr.Greg Vines နှင့်အတူ မြန်မာနိုင်ငံဆက်ဆံရေးဆိုင်ရာ အကြီးအကဲ Mr. Rory Mungoven နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် Draft Report to ILO Governing Body, 332nd Session နှင့်ပတ်သက်၍ တပ်မတော်ပိုင်းဆိုင်ရာ ညှိနှိုင်းရန်ကျန်ရှိသည့် အချက် ၂ ချက် အား အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment