Social Icons

Pages

Monday, January 8, 2018

ဟိုပုံးမြို့၌ မြင်းစီးအားကစား ဖိတ်ခေါ် ပြိုင်ပွဲနှင့် ထောပတ်သီး ပွဲတော်ကျင်းပ



ဟိုပုံး ၈-၁-၂ဝ၁၈

မြင်းစီးဝါသနာရှင် များအဖွဲ့မှကြီးမှူးကျင်းပသော ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး ဥက္ကဋ္ဌဖလား တတိယအကြိမ်မြောက် မြင်းစီးအားကစား ဖိတ်ခေါ်ပြိုင်ပွဲနှင့် ဒုတိယအကြိမ်မြောက် မြန်မာ့ထောပတ် သီးပွဲတော်ကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟိုပုံးမြို့နယ် ပေါင်းလင်းကျေးရွာ အုပ်စု ဟိုပုံးလေး မြင်းစီးကွင်း၌ ကျင်းပသည်။

အဆိုပါ မြင်းစီးအားကစားပြိုင်ပွဲတွင် ထူးချွန်ထက်မြက်သော မြင်းစီးအားကစား သမားကောင်းများနှင့် ပြိုင်ပွဲဝင် အရည်အသွေးပြည့် မြင်းကောင်းများ ပေါ်ထွက်လာစေရန်၊ မြင်းစီးအားကစားသမား အချင်းချင်း ပိုမိုစည်းလုံး ညီညွတ်မှုရှိလာစေရန်၊ မြို့နယ်အဆင့်မှ နိုင်ငံတော်အဆင့် ကိုယ်စားပြုမြင်းစီး သမားကောင်းနှင့် အရည်အချင်း ပြည့်ဝသော မြင်းကောင်းရတနာ များပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များ ဖြင့်ကျင်းပလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံတစ်ဝန်းမှ မြင်းစီးအားကစားသမားများ လာရောက်ယှဉ်ပြိုင် ကြသည်။

အဆိုပါပြိုင်ပွဲတွင် မြင်းကောင်ရေ ၄ဝကျော်က လေးပေကိုးလက်မ ဒုန်းစီးအကြီးပြိုင်ပွဲ၊ လေးပေ ကိုးလက်မအောက် ဒုန်းစီးအငယ်တန်း ပြိုင်၊တောင်ပေါ်ခြေအရ အိုးကိုင်ပြိုင်ပွဲ၊မြင်းအကပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို ဇန်နဝါရီ ၆ရက်မှ ၈ ရက်ထိယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ပြိုင်ပွဲတွင် ဒုန်းစီးအငယ်တန်း နှင့်အကြီးတန်း ပြိုင်ပွဲအတွက် ပထမဆု ငွေကျပ်ခုနစ်သိန်း၊ ဒုတိယဆုငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ်သုံးသိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး တောင်ပေါ်ခြေအရ အိုးကိုင်ပြိုင်ပွဲအတွက် ပထမဆု ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ်သုံးသိန်း၊မြင်းစီးအက ပြိုင်ပွဲအတွက် ငွေကျပ် ငါးသိန်းစီ ဆုများအသီးသီး ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြင်းစီး အားကစားပြိုင်ပွဲနှင့်အတူ ဒုတိယအကြိမ်မြောက် မြန်မာ့ထောပတ်သီးပွဲတော် ၂ဝ၁၈ ကိုလည်း ကျင်းပပြုလုပ်လျက်ရှိပြီး ထောပတ်သီးအမျိုးပေါင်း ၂၇၉မျိုး ပါဝင်ယှဉ်ပြိုင် ပြသထားရှိကာ ထောပတ်သီးများမှာ မျိုးကောင်းမျိုး သန့်များကို အမည်ပေးရွေးချယ်၍ ဈေးကွက်မီမျိုးကောင်း မျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...