Social Icons

Pages

Monday, January 8, 2018

ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မိ နှစ်ဦးသေဆုံး ရှစ်ဦးဒဏ်ရာရရှိ



ဘီးလင်း ၈-၁-၂ဝ၁၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာ ရန်ကုန်မော်လမြိုင်ကား လမ်းပေါ်တွင် ဇန်နဝါရီ ၆ ရက် ညပိုင်းက ယာဉ်နှစ်စီးတိုက်မိမှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိ ခဲ့ကြောင်း ဘီးလင်း မြို့မရဲစခန်းမှ သိရသည်။

ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်းသန့်ဇင်ဦး လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 3J/-----Nissan Pickup အဖြူရောင်ယာဉ်နှင့် ယာဉ်မောင်း စောသက်ထွန်းအေး ပဲခူးမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 3D/----Toyota Surf ခဲရောင်ယာဉ်တို့သည် လမ်းမိုင်တိုင်အမှတ် (၁၂၃/၃) နှင့် (၁၂၃/၄) ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိုက်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

"လမ်းတူ မောင်းလာရာကနေ တစ်စီးနဲ့ တစ်စီးအရှိန် မထိန်းနိုင်ဘဲ တိုက်မိပြီး လမ်းဘေးကိုထိုးကျ တိမ်းမှောက်ကုန်တယ်။ ကားတစ်စီးမှာက လူခုနစ်ယောက်ပါတယ်။ နောက်တစ်စီးမှာက လူငါးယောက်ပါတယ်။ နှစ်ယောက်က တော့ဘာမှမဖြစ်ပါဘူး။ နှစ်ယောက်ကသေပြီး ရှစ်ယောက် ဒဏ်ရာရသွားပါတယ်"ဟု ဘီးလင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယာဉ်တိုက်မိမှုကြောင့် Nissan Pickup ယာဉ်ပေါ်ပါ ယာဉ်မောင်း သန့်ဇင်ဦးနှင့် ဒေါ်ခင်မာချိုတို့မှာ ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီး ဦးအောင်စိုး၊ သုဝေဖြိုး၊ ဦးသန်းဇော်၊ ဦးဝဏ္ဏ၊ ဦးကျော်ဝေနှင့် Toyota Surf ယာဉ်ပေါ်တွင် ပါသည့် ဒေါ်နော်ဖော၊ ဦးသောကြာ၊ ဖိုးလပြည့်တို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းများဖြစ်သည့် သန့်ဇင်ဦးနှင့် စောသက်ထွန်အေးတို့ကို ဘီးလင်းမြို့မ ရဲစခန်းက ယာဉ် (ပ)၂/၂ဝ၁၈ရာဇသတ်ကြီးပုဒ်မ-၃ဝ၄(က)/ ၃၃၇/၃၃၈အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...