တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နီပေါတပ်မတော်ကြည်းတပ် ဖျော်ဖြေရေးအဖွဲ့က နီပေါရိုးရာတေးသီချင်းနှင့် အကများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လ်လှိုင် Gen. Ranjendra Chhetri အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်စဉ်။
နေပြည်တော် ၁၃-၁၂-၂၀၁၇
နီပေါဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၁၁ ရက်ညပိုင်းတွင် နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် Gen. Ranjendra Chhetri နှင့်ဇနီးတို့က ၎င်း၏နေအိမ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များအား နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် သဘင်ဆောင်တွင် နီပေါကြည်းတပ်ဖျော် ဖြေရေးအဖွဲ့နှင့် ကြည်းတပ်စစ်တီးဝိုင်းတို့က နီပေါရိုးရာတေးသီချင်းများ၊ နှစ်နိုင်ငံတေးသီးများဖြင့် သီဆိုကပြဖျော်ဖြေရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေး ကြသည်။
ထို့နောက်ဂုဏ်ပြု ညစာစားပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီချုပ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ထို့နောက် အခမ်းအနားတက်ရောက် လာကြသူများနှင့်အတူ ညစာအားအတူတကွ သုံးဆောင်ကြသည်။
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီဆိုတီးမှုတ် ဖျော်ဖြေခဲ့ကြသည့် နီပေါတပ်မတော် ကြည်းတပ်စစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ၎င်းနောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် ဇနီးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ကြပြီးအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily




No comments:
Post a Comment