Social Icons

Pages

Friday, December 8, 2017

မဟာမုနိဘုရားကြီး ရွှေကျောင်းတော်ကြီးအထွတ်ရှိ ရွှေသားထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထုပိကာတော်တို့အား ပညာရှင်များဖြင့် ရောင်တော်ဖွင့်မည်



မန္တလေး ၈-၁၂-၂၀၁၇

မန္တလေးမြို့ မဟာမုနိဘုရားကြီး ရွှေကျောင်းတော်ကြီးအထွတ်ရှိ ရွှေသားထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထုပိကာတော်တို့အား ပညာရှင်အဖွဲ့များဖြင့် ရောင်တော်ဖွင့်သွားမည် ဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့မှ သိရသည်။

ရွှေကျောင်းတော်ကြီးအထွတ်ရှိ ရွှေသားထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထုပိကာတော်တို့အား ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်ခန့်က နောက်ဆုံး ရောင်တော်ဖွင့်ခဲ့ပြီး ရောင်တော်မဖွင့်သည်မှာ ရှစ်နှစ်ခန့်ရှိပြီဖြစ်ကာ ယခုအကြိမ် ရောင်တော်ဖွင့်ခြင်း မင်္ဂလာတွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို ပညာရှင် ဦးဝင်းအောင်နှင့်အဖွဲ့၊ ရွှေသားထီးတော်ကို ပညာရှင် ဦးကျော်ဇော (ရွာထောင်) အဖွဲ့နှင့် ထုပိကာတော်ကို ပညာရှင် ဦးချစ်ထွန်းနှင့် အဖွဲ့တို့က လုပ်အားဒါန ကုသိုလ်ပြု၍ ရောင်တော်ဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျောင်းတော်ကြီး အရင်တစ်ခေါက် ရွှေချပြီးကတည်းက နောက်ထပ် ရောင်တော်မဖွင့်ရ သေးတာပါ။ ရောင်တော်ဖွင့်တာနဲ့ အတူကျောင်းတော်ကြီး တစ်ခုလုံးကိုပါ စတင်ရွှေချသွားပါမယ်"ဟု မဟာမုနိဘုရားကြီး ဂေါပက အဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပြသည်။

ရောင်တော်ဖွင့် မင်္ဂလာကို ဒီဇင်ဘာ ၈ ရက် နံနက် ၈နာရီတွင် စတင်ဆောင်ရွက်မည် ဖြစ်ပြီးကျောင်းတော်ကြီး အမိုးတစ်ခုလုံးကို စုစုပေါင်း ရွှေပိဿာချိန် လေးပိဿာခန့်နှင့် ငွေကျပ် သိန်း ၈ဝဝ ကျော်အကုန်အကျခံ၍ ရွှေအသစ်ချမည် ဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...