ဖမ်းဆီးရမိသူများကို တွေ့ရစဉ်။
တရားမဝင်ကျွဲ၊နွားများတင်ဆောင်လာသည့်လှေကို တွေ့ရစဉ်။
နေပြည်တော် ၁၉-၁၂-၂၀၁၇
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် ၃၁ မိုင်ခန့်အကွာ၌ စက်မကြီး JD 4102 G75 HP လေးလုံးထိုး၊ ဂီယာဘောက်နှင့်တွဲလျက် တစ်လုံးတပ်ဆင်ထားသော အလျား ၅၁ပေ ခြောက်လက်မ၊ အနံ ၁၁ ပေ ခြောက်လက်မ၊ ရေစူး လေးပေခန့်၊ သစ်သားကိုယ်ထည်ဖြင့် ပြုလုပ်ထားသော တရားမဝင် ကျွဲ၊ နွားမှောင်ခို လှေတစ်စီးကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ဘင်္ဂါလီလူမျိုး နာဂူ (ဘ) ရာကို အပါအဝင် ဘင်္ဂါလီခုနစ်ဦးနှင့်အတူ ကျွဲ ကိုးကောင်၊ နွားအကောင်ရေ ၂ဝတို့ကိုလည်းကောင်း၊ စစ်တွေမြို့၏အနောက်ဘက် ရေမိုင် ၃၁ မိုင်ခန့်အကွာ၌ စက်မကြီး JD 4102 BZ DIESEL ENGINE 75HP လေးလုံးထိုး၊ ဂီယာဘောက်နှင့်တွဲလျက် တစ်လုံးတပ်ဆင်ထားသော အလျား ၄၈ပေ၊ အနံ ၁၂ပေ၊ ရေစူး သုံးပေခန့်၊ သစ်သားကိုယ်ထည်ဖြင့် ပြုလုပ်ထားသော တရားမဝင် ကျွဲ၊နွား မှောင်ခိုလှေ တစ်စီးကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းတွင် ဘင်္ဂါလီလူမျိုးလာလူး (ဘ) အီစွက်အာလီ အပါအဝင်ဘင်္ဂါလီ ကိုးဦးနှင့်အတူ ကျွဲ ၁၁ ကောင်၊ နွား ၂၂ကောင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ လှေနှင့် တရားမဝင် ကျွဲ၊ နွားများကို ရေချမ်းပြင်ရဲကင်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily



No comments:
Post a Comment