Social Icons

Pages

Thursday, December 14, 2017

မန္တလေးမြို့တွင် ဘေးအန္တရာယ်ရှိသည့် ဆေးရုံသုံးစွန့်ပစ် အမှိုက်များကို စီမံချက်ဖြင့် တိုးချဲ့သိမ်းဆည်းပေးနေ



မန္တလေး ၁၄-၁၂-၂၀၁၇

မန္တလေးမြို့တွင် ဘေးအန္တရာယ်ရှိသည့် ဆေးရုံသုံးစွန့်ပစ် အမှိုက်များကို ဆေးခန်းအဆင့်ထိ ပါစီမံချက်ဖြင့် တိုးချဲ့သိမ်းဆည်း ပေးနေကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ သန့်ရှင်းရေး ဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် ယခင်က ဆေးရုံကြီးများမှ ထွက်ရှိသည့်စွန့်ပစ် အမှိုက်များကိုသာ သိမ်းဆည်းပေးနိုင်ခဲ့ပြီး ရပ်ကွက်များ အတွင်းရှိဆေးခန်းများကို ၎င်းဘေးအန္တရာယ်ရှိသည့် စွန့်ပစ်အမှိုက်များ ကိုအပြည့်အဝသိမ်းဆည်းပေး နိုင်ရေး အတွက်စီမံချက်ဖြင့် ဆေးခန်းအဆင့်ထိ တိုးချဲ့သိမ်းဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် အထွေထွေ ရောဂါကုပြည်သူ့ ဆေးရုံအပါအဝင် ဆေးရုံပေါင်း ၄၈ ရုံခန့်ရှိရာ ၎င်းဆေးရုံများမှ ထွက်ရှိသည့် စွန့်ပစ် အမှိုက်များမှာ ဘေးအန္တရာယ်ရှိသည့် အမှိုက်များဖြစ်သည့်အတွက် ၎င်းအမှိုက်များကို စနစ်တကျ ဖျက်ဆီးမှုများ ယခင်ကတောင်အင်း မြောက်အင်းရှိ ဆေးရုံသုံးစွန့်ပစ် အမှိုက်များကို သီးသန့်မီးရှို့စက်နှင့် စနစ်တကျဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသော်လည်း ယခုလက်ရှိ ၎င်းစက်ကြီးမှာစက်ချို့ယွင်းမှုကြောင့်အေးရိပ်ငြိမ် သုဿန်အတွင်းရှိ အမှိုက်ကျင်းအတွင်း၌သာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေရကြောင်း သိရသည်။

"အခုရပ်ကွက်တွေ အတွင်းမှာရှိတဲ့ ဆေးခန်းတွေကထွက်တဲ့ ဘေးအန္တရာယ်ရှိတဲ့ ဆေးခန်းသုံးစွန်းပစ် ပစ္စည်းတွေကို အပြည့်အဝသိမ်းဆည်း ပေးနိုင်ဖို့တော့စီမံချက်နဲ့ လုပ်ဆောင်နေတယ်။ အခုဆေးခန်းတွေ တော်တော်များများ ကိုလဲစနစ်တကျနဲ့ သိမ်းဆည်းပေး နိုင်နေပါပြီ။ နောက်ပိုင်းမှာ တစ်မြို့လုံးမှာရှိတဲ့ ရပ်ကွက်တွေထဲက ဆေးခန်းအားလုံးကို အပြည့်အဝသိမ်းဆည်းပေး နိုင်အောင်လုပ်ဆောင် နေပါတယ်" ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့ ဆေးရုံ၊ဆေးခန်းများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို ယခင်ကအတိုင်းတောင်အင်း မြောက်အင်းရှိ မီးရှို့စက်ကြီးဖြင့် စနစ်တကျဖျက်ဆီး နိုင်ရန်အတွက် လာမည့်ဘတ်ဂျတ်တွင် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီက ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ဆေးရုံသုံးစွန့် ပစ်အမှိုက်များအပါအဝင် အမှိုက်အမျိုးအစားအားလုံး တစ်ရက်လျှင် စုစုပေါင်းအမှိုက်တန်ချိန် ၉ဝဝ ကျော်ကို အမှိုက်ကား၂၄၃စီး၊သုံးဘီး ဆိုင်ကယ်၁၈ဝကျော်ဖြင့် သိမ်းဆည်းစွန့်ပစ် ပေးလျက်ရှိကြောင်း လည်းသိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...