Social Icons

Pages

Tuesday, December 12, 2017

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ယခုနှစ်ဆောင်း သီးနှံစိုက်ပျိုးနိုင်ရန်အတွက် ၃၁၂၆ဝ၁ ဧကလျာထားရာ ၁၇၆၅၂၂ ဧက စိုက်ပျိုးထားပြီးဖြစ်



လားရှိုး ၁၂-၁၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ယခုနှစ်တွင် ဆောင်းသီးနှံ စိုက်ပျိုးသွားနိုင်ရန် အတွက် ၃၁၂၆ဝ၁ ဧက လျာထားရာ ၁၇၆၅၂၂ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တွဲဖက်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူးရုံး(လားရှိုး) မှ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ရာသီအချိန်အခါ မရွေးစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်အောင်မြင်မှု ရရှိသဖြင့် လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးမိတ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ ဟိုပန်ခရိုင်နှင့် မက်မန်းခရိုင်တို့ရှိမြို့နယ်များမှ ဒေသခံများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဆောင်းသီးနှံဧက သုံးသိန်းကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် ဖူးစားပြောင်း၊ ဂျုံ၊ပန်းဂျုံ၊ ပဲပုပ်၊စားတော်ပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲယဉ်း၊ကုလားပဲ၊ ပဲကြီး၊ မြေထောက်ပဲ၊ မြေပဲတို့အပြင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊နေကြာ၊ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဆီမုန်လာ၊ငရုတ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ အာလူး၊ကြံ၊ပဲအမျိုးမျိုးနှင့် ပန်းမုန်လာ၊မုန်ညင်း အစရှိသော ဟင်းသီးဟင်းရွက်များကို ရေတင်စနစ်ဖြင့် လည်းကောင်း၊ ရေလောင်းခြင်း စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြကာ ထွက်ရှိသော သီးနှံများကို မိသားစု စားသုံးခြင်း၊ ဒေသအတွင်းနှင့် အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းတို့ ပြုလုပ်ကြကြောင်း၊ ကျောက်မဲခရိုင်တွင် ဂျုံနှင့်ပဲပုပ်ကို စိုက်ပျိုးမှုများပြားပြီး လောက်ကိုင်ခရိုင်တွင် ကြံကိုစိုက်ပျိုးမှု များပြားကြောင်း အဆိုပါ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...