ဂန့်ဂေါ ၁၂-၁၂-၂၀၁၇
ဂန့်ဂေါမြို့နယ်တွင် ဆောင်းသီးနှံဖြစ်သော ဆီထွက်သီးနှံအတွက် မြေပဲ၊ နေကြာတို့ကို အများအပြားစိုက်ပျိုး ကြသကဲ့သို့ ဟင်းသီးဟင်းရွက်များ အနေဖြင့် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့ကို စိုက်ပျိုးလျက်ရှိကြရာ ယခုအခါ ပန်းဂေါ်ဖီနှင့်ဂေါ်ဖီထုပ် သီးနှံများသည် ရာသီချိန်ဖြစ်သော်လည်း အထွက်နည်းနေသေးကြောင်း ဒေသခံတောင်များထံမှ သိရသည်။
"ဒေသထွက်က ရာသီချိန်ဖြစ်ပေမယ့် နည်းနေသေးတယ။် အခုရောင်းနေတဲ့ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီတွေက ပခုက္ကူဘက်က လာတာရှိတယ်။ ကလေးမြို့ဘက်က လာတာရှိတယ်။ ပခုက္ကူက ကားနဲ့တင်ပို့ပြီးတော့၊ ကလေးမြို့ ဘက်ကဆိုရင် ရထားနဲ့ တင်ပို့ပေးကြပါတယ်။ ဒီမှာက တော်တော်များများက သက်တမ်းလိုသေးတယ်။ ဂန့်ဂေါမှာ ရောင်းချကြတဲ့ ဈေးနှုန်းကတော့ တစ်ပိဿာကို ငွေကျပ် ၁ဝဝဝပါ။ သုံးထုပ်၊ သုံးပွင့်ကိုတစ်ပိဿာ အရွယ်တွေက ရောင်းကောင်းပါတယ်။ သိပ်ပြီးကြီးနေရင် ဝယ်သူနည်းသွားတယ်။ နောက် ၁ဝ ရက်လောက်ဆိုရင် ဒေသထွက် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတွေ လှိုင်တော့မှာပါ။ ဒေသထွက်တွေ လှိုင်လာရင် ဈေးနှုန်းချိုချိုနဲ့ ရောင်းနိုင်မှာပါ" ဟု ဂန့်ဂေါမြို့ မြို့မဈေးမှ ဈေးသည်တစ်ဦးက ပြောပြ၍ သိရသည်။
အဆိုပါ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့ကို တစ်ဧကစိုက်ပျိုးလျှင် ထွန်ယက်ခ၊ ရေသွင်းစရိတ်၊ မြေသြဇာ၊ ပိုးသတ်ဆေးစသည်တို့ အပါအဝင်ငွေကျပ် ခြောက်သိန်းခန့် ကုန်ကျမှု ရှိကြောင်း၊ ဖြစ်ထွန်းအောင်မြင်လျှင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ ၅ဝဝဝ အထက်ရရှိနိုင်သဖြင့် တစ်ဧကအတွက် ခန့်မှန်းအမြတ်ငွေကျပ် ငါးသိန်းအထက် ရရှိနိုင်ကြောင်း လာပို့ကျေးရွာမှ တောင်သူတစ်ဦးက ပြောပြ၍သိရသည်။
#Themyawadydaily
No comments:
Post a Comment