သာစည် ၁၅-၁၂-၂၀၁၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ တိုးဂိတ်အနီးတွင် ဒို့ညီနောင်ခရီးသည် တင်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါ လာသည့် အမျိုးသားနှစ်ဦးထံမှ တန်ဖိုးငွေကျပ် ၄၃၂သိန်းခန့်ရှိ ဘိန်းစိမ်းများ ရှာဖွေ တွေ့ရှိဖမ်းဆီး ရမိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မန္တလေး (တောင်ပိုင်း) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်လင်းထွန်း ဦးဆောင်သောအဖွဲ့နှင့် သာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မင်းသိန်းစိုးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေန့နံက် ၁ နာရီမိနစ် ၅ဝ က သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ တိုးဂိတ်အနီးတွင် တောင်ကြီးဘက်မှ မောင်းနှင်လာသော ဒို့ညီနောင်ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်အမှတ် YGN 3N/-----ကို ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့သည်။
ထိုသို့ရှာဖွေရာ ခုံအမှတ် ၁ဝ နှင့် ၁၄ တို့တွင် လိုက်ပါလာသော ဦးခန်း (ခ) မောင်ခန်း (ဘ) ဦးမောင်နီ ဒုံးဒူထန်ရပ်ကွက် မိုးဗြဲမြို့နေသူနှင့် ခူးပေါလု (ဘ) ဦးမောင်မောင် ရေနွဲကျေးရွာအုပ်စုသည် ဟန်ဘူးကျေးရွာ ဖယ်ခုံမြို့နယ် နေသူတို့ သယ်ဆောင်လာသည့် အပြာရောင် ခရီးဆောင်အိတ်အတွင်းမှ ဘိန်းစိမ်းဟုယူဆရသည့် အမည်းရောင် အစေးအလေးချိန် ၁၅ ဒသမ ၆ ကီလိုဂရမ်ခန့် ခန့်မှန်းကာလတန်ဖိုးငွေကျပ် ၂၃၄ဝဝဝဝဝနှင့် အစိမ်းရောင် ခရီးဆောင်အိတ်အတွင်းမှ ဘိန်းစိမ်းဟု ယူဆရသည့် အမည်းရောင် အစေးအလေးချိန် ၁၃ ဒသမ ၂ ကီလိုဂရမ်ခန့် ခန့်မှန်းကာလ တန်ဖိုးငွေကျပ် ၁၉၈ဝဝဝဝဝ ခန့်ကို တွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးခန်း (ခ) မောင်ခန်းနှင့် ခူးပေါလုတို့ကို သာစည်မြို့မရဲစခန်းက မယ (ပ) ၂၅/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ-၁၅/ ၁၉ (က)/၂၁ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
#Yadanarpondaily


No comments:
Post a Comment