Social Icons

Pages

Tuesday, December 6, 2016

မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းဆောင်ရွက် ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ




နေပြည်တော် ၊ ၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့သို့ ဒီဇင်ဘာ ၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကူ ရောက်ရှိခဲ့သည့် တပ်မတော် စစ်ကြောင်း များသည် မုံးကိုးမြို့လုံခြုံမှု နှင့် တည်ငြိမ် အေးချမ်းမှု ရှိစေရန်၊ အများ ပြည်သူများ အေးချမ်း တည်ငြိမ်စွာ ပြန်လည်နေထိုင် နိုင်စေရန်အတွက် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် မုံးကိုးမြို့ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက် ရှင်းလင်းစဉ် နေအိမ်အတွင်းမှ အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာ ထွက်ပြေးရာမှ ကျန်ရစ်ခဲ့သည့် RGP တစ်လက်၊ အမ် ၂၂ သေနတ်သုံးလက်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ခြောက်လုံးနှင့် မိုင်းတစ်လုံး တို့အား သိမ်းဆည်းရမိ ခဲ့သည်။

တပ်မတော် စစ်ကြောင်းများ မုံးကိုးမြို့သို့ စစ်ကူရောက်ရှိ ခဲ့ပြီးနောက် မြို့အတွင်းနှင့် အနီး ပတ်ဝန်းကျင်အား နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာတွင် ဒီဇင်ဘာ ၄ ရက်မှ ယနေ့အထိ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၃၀၀ တောင့် ၊ ကျည်အိမ်မျိုးစုံ ၁၄ ခု ၊ လက်ပစ်ဗုံး ၆ လုံး ၊ မိုင်းတစ်လုံး နှင့် အလောင်းတချို့ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...