Social Icons

Pages

Friday, December 8, 2017

မြောက်ဦးမြို့အနီး ဘေလီတံတားအောက်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော လက်လုပ်မိုင်းနှစ်လုံးတွေ့ရှိသဖြင့် ဖယ်ရှားရှင်းလင်း


တပ်မတော်သားများက လက်လုပ်မိုင်းများကို ဖယ်ရှားရှင်းလင်းစဉ်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကထောင်ထားသည့် လက်လုပ်မိုင်းကိုတွေ့ရစဉ်။

နေပြည်တော် ၈-၁၂-၂၀၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထမ္မရဇ်ကျေးရွာအနီး ရန်ကုန်-စစ်တွေသွား ကားလမ်းပေါ်တွင် မိုင်းထောင်ထား သည်ဟု ယူဆရသည့် ဆိုင်ကယ်ဘထ္ထရီ နှင့်ဝါယာကြိုးစများတွေ့ရှိကြောင်း သတင်းရရှိသဖြင့် ယနေ့ မွန်းလွဲ ၁ နာရီခန့် တွင် နယ်မြေခံတပ်မတော်သားများက သွားရောက်ရှင်းလင်းခဲ့ရာ မြောက်ဦးမြို့၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ရန်ကုန်-စစ်တွေသွားကားလမ်း ပေါ်ရှိဘေလီတံတား အောက်ခြေ၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော ဆိုင်ကယ် ဘထ္ထရီ ၂ လုံးဖြင့် လျှပ်စစ်ခလုတ်နှစ်ခု တပ်ဆင်ထား သည့် တစ်ပေပတ်လည်ခန့်ရှိ သံကိုယ်ထည်ဇလားပုံ လက်လုပ်မိုင်း နှစ်လုံးအား ပေ ၄၀ ခန့်ခွာ၍ ထောင်ထား သည်ကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ဖယ်ရှား ရှင်းလင်းခဲ့သည်။

အဆိုပါ မိုင်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီဖောက်ခွဲ ဖျက်ဆီးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ၎င်းနေရာအနီးတ၀ိုက်အား နယ်မြေရှင်းလင်းခြင်းများဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...