Social Icons

Pages

Monday, October 2, 2017

ဗန္ဓုလသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများတွင် YUTONG မော်တော်ယာဉ်အသစ်များ ထပ်မံဖြည့်တင်း ပြေးဆွဲမည်



ရန်ကုန် ၂-၁၀-၂၀၁၇

ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်သည် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၎င်းတို့၏ YBS ယာဉ်လိုင်း ၃ဝ နှင့်ယာဉ်လိုင်း ၂၅ လိုင်းတို့တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်ပြီး အင်းတကော်စက်မှု နယ်မြေ၌ တပ်ဆင်သည့် YUTONG မော်တော်ယာဉ် အသစ်များကို ထပ်မံဖြည့်တင်းကာ အောက်တိုဘာ ၂ ရက်မှစတင်၍ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်းသိရသည်။ 

''ဗန္ဓုလယာဉ်လိုင်းတွေကို ဖြည့်ဖို့အတွက် ကားအစီး ၂၁၄ စီးမှာတာပါ။၂၁၄ စီးလုံးအင်းတကော် စက်ရုံမှာ ရောက်နေပါပြီ။သင်္ဘောနဲ့လေးကြိမ် ခွဲပြီးသယ်လာတာပါ။ အဲဒီရောက်နေတဲ့ ကားတွေကို တပ်ဆင်နေပါတယ်။ တပ်ဆင် ပြီးတဲ့အခါမှာ စက်မှုဝန်ကြီးဌာနရဲ့ စက်မှုစစ်ဆေးရေးက လာစစ်ဆေးတယ်။ စစ်ဆေးပြီးပြီဆိုရင် တစ်ခါပို့ဆောင်ရေး ဝန်ကြီးဌာန အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န)က တစ်ခါလာစစ်ပါတယ်။ ချယ်ဆီနံပါတ်တွေ ကိုက်မကိုက်၊ အင်ဂျင် နံပါတ်တွေ ကိုက်မကိုက်၊ တင်သွင်းထားတာတွေ ကိုက်မကိုက် စသဖြင့်ပေါ့။ စက်မှု စစ်ဆေးရေးကတော့ ဒီကား တပ်ဆင်ပြီးတဲ့အထိ မောင်းလို့စမ်းသပ်တဲ့အထိ စစ် ဆေးတယ်။ ကညန ကတော့နံပါတ်ရတဲ့ အထိစစ်ဆေးပေးတယ်။ အဲဒါတွေရမှ နံပါတ်ရမှာပါ၊ပထမဆုံး တပ်ဆင်လို့ပြီးတဲ့ ၄၁ စီးကတော့ ကျွန်တော်တို့ကားဝင်းထဲကို ရောက်ပါပြီ။ယာဉ်လိုင်းတွေ ပြန်ခွဲပေးတဲ့ အချိန်မှာ YBS နံပါတ် ၃ဝ က၂၁စီး၊ YBS ၂၅ ကအစီး၂ဝပါ။မနက်ဖြန်မှာ စတင်ပြေးဆွဲပေး သွားမှာပါ''ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

အောက်တို ၂ ရက်တွင် မော်တော်ယာဉ် အသစ်များဖြည့်တင်း ပြေးဆွဲသည့် YBS ယာဉ်လိုင်းအမှတ် ၂၅ သည် ဒဂုံတက္ကသိုလ်- မင်းရဲကျော်စွာလမ်း- (၇/၈)လမ်းဆုံ-ပြည်ထောင်စုလမ်း- တောင်/မြောက်လမ်းဆုံ- ငမိုးရိပ် တံတား- သံသုမာလမ်း- ကြက်/ဘဲဈေး- သမိန်ဗရမ်းလမ်း- ရွှေဗဟိုရ်- တာမွေ- ကျိုက္ကဆံလမ်း- ယုဇနပလာဇာ- မင်္ဂလာဈေး- ဗညား ဒလလမ်း- သိမ်ဖြူလမ်း- ကမ်းနားလမ်း- ဗိုလ်အောင်ကျော်လမ်း- မဟာဗန္ဓုလလမ်း-သိမ်ဖြူလမ်း အတိုင်း ပြေးဆွဲမည်ဖြစ်သည်။ 

YBS ယာဉ်လိုင်းအမှတ် ၃ဝ သည်ဒဂုံ တက္ကသိုလ်-ကျန်စစ်သားလမ်း-ပြည်ထောင်စုလမ်း-ဘေလီ-ပါရမီလမ်း-ညောင်ပင်လမ်း- ကမ္ဘာအေး ဘုရားလမ်း- ပြည်လမ်း- လှည်းတန်းလမ်း-ကြည့်မြင်တိုင်လမ်း-သခင်မြပန်းခြံ-လှည်းတန်း- သုခ-သံလမ်း- ဘာတာ- သမိုင်း လမ်းဆုံ- ရှစ်မိုင်သို့ ပြေးဆွဲမည် ဖြစ်သည်။

အဆိုပါယာဉ်အသစ်များတွင် ခရီးသွားပြည်သူများ အဆင်ပြေစေရန် ရှေ့ရောက်မည့် မှတ်တိုင်သည်မည်သည့် မှတ်တိုင်ဖြစ်ကြောင်း အလိုအလျောက် ဖြေကြားပေးမည့် ဆင်ဆာပါဝင်သည့်အတွက် လမ်းကြောင်းအသစ်သွားသည့် ခရီးသည်များပင် အဆင်ပြေစေမည် ဖြစ်သည်။

ယခုပထမ အသုတ်ရရှိသည့် မော်တော်ယာဉ် ၄၁ စီးကိုစီးနင်းသူ များပြားသည့် ယာဉ်လိုင်းနှစ်လိုင်း ဖြစ်သည့် ၃ဝနှင့်၂၅ တို့တွင်ထပ်မံ ဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။အလားတူဒုတိယ အသုတ်အဖြစ်၂ဝ၁၇ အောက်တိုဘာအကုန်တွင် ၁၂၃ စီးထပ်မံရရှိမည် ဖြစ်ပြီး၎င်းယာဉ် အသစ်များရရှိပါက YBS ၃ဝတွင်၂၉ စီး၊ YBS၂၅ တွင်လေးစီး၊ YBS ၁၄တွင်အစီး၅ဝ၊ YBS ၃၈တွင်အစီး ၄ဝ ဖြည့်တင်းပေး သွားမည်ဖြစ်ကြောင်း၊တတိယ အသုတ်အဖြစ် နိုဝင်ဘာလတွင် အစီး ၅ဝ ရရှိမည် ဖြစ်ပြီးယင်းအစီး ၅ဝ အား၊ YBS ၂၅ တွင် ၁ဝ စီး၊ YBS ၁၂ တွင်အစီး ၄ဝ ဖြည့်တင်းသွားမည် ဖြစ်ကြောင်းသိရသည်။ဗန္ဓုလသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်အနေဖြင့် လာမည့် ၂ဝ၁၈ခုနှစ် ဇန်နဝါရီတွင် လက်ရှိ ယာဉ်လိုင်းငါးလိုင်းမှ ယာဉ်လိုင်း ၇ လိုင်းအဖြစ် နှစ်လိုင်းတိုးချဲ့ကာ ယာဉ်အစီးရေ ၃၆ဝ ဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...