တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့က နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။
နေပြည်တော် ၂-၁၀-၂၀၁၇
ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့တွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ကိုးဦး၊ ကြိမ်ချောင်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၃၁ဦး၊ တရိန်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၉၃ ဦး၊ ဘူးသီးတောင်မြို့နယ်၊တောင်ဘဇာကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၅ ဦးတို့ကို အဆိုပါကျေးရွာများရှိ စာသင်ကျောင်းများ၌ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသပေးမှုများနှင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment