Social Icons

Pages

Monday, October 16, 2017

တောင်ကြီးမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းက မျက်စိရောဂါဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသ



တောင်ကြီး ၁၆-၁၀-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝေဠုဝန်ကျောင်းတိုက် အတွင်းရှိ နမ့်ခုံးရှမ်းများပရဟိတ အသင်းရုံးခန်းမ၌ အောက်တိုဘာ ၁၄ ရက်နံနက် ၉နာရီက မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ်ခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျက်စိဝေဒနာရှင်များ အခမဲ့ခွဲစိတ်ကုသပေးရာတွင် လေးကျွန်းသူအသင်းနှင့် တရုတ်သံရုံးတို့ ၏အစီအစဉ်ဖြင့် ဟောင်ကောင်အခြေစိုက် မျက်စိရောဂါကု ဆရာဝန်ကြီးများ၊ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများက မျက်စိရောဂါဝေဒနာရှင် လူနာဦးရေ ၁ဝဝ ကျော်တို့ကို စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းများနှင့် ခွဲစိတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မျက်စိဝေဒနာရှင်များကို နမ့်ခုံးရှမ်းများ ပရဟိတအသင်း ရုံးခန်းမ၌ အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်ထိ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ကာ ခွဲစိတ်ရမည့်လူနာများကို စဝ်စံထွန်းဆေးရုံသို့ အောက်တိုဘာ ၁၆ ရက် မှစတင်ပြောင်းရွှေ့စေပြီး အောက်တိုဘာ ၁၉ ရက်မှ ၂၅ရက်ထိ မျက်စိဝေဒနာရှင်ဦးရေ ၃ဝဝကို အခမဲ့ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...