Social Icons

Pages

Tuesday, October 24, 2017

ဖားကန့်မြို့နယ်တွင် ငွေကျပ် ၂၃၄၇၅ ဒသမ ၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ



နေပြည်တော် ၂၄-၁၀-၂၀၁၇

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတပ်ဖွဲ့စု (၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၂ရက် ည ၆ နာရီ မိနစ်၃ဝက ဝေမင်း (ခ) အေးသားမောင်းနှင်ပြီး ကျော်အောင် (ခ) အားတီ လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်၏ကြမ်းခင်း အံဝှက်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄ဝဝဝ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၁၁ဝခွက်(ဘိန်းဖြူအလေးချိန် ၁ ဒသမ၃၂ကီလို)၊ ဘိန်းဆီခဲ ၆၆ကီလို၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ယနေ့ နံနက် ၁ဝ နာရီက ပူးပေါင်းအဖွဲ့ဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆွတ်အောင်ကျေးရွာ အိမ်အမှတ် (၁/၅၁)နေ ကျော်အောင် (ခ) အားတီ၏ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းရှိ သံသေတ္တာအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၆ဝဝဝပြား၊ဘိန်းဖြူ ဆပ်ပြာခွက် ၈၈ခွက် (ဘိန်းဖြူအလေးချိန် ၁ ဒသမ ဝ၅၆ ကီလို) နှင့်ခြံဝင်းအတွင်းရှိ မော်တော်ယာဉ်၏ ကြမ်းခင်းအံဝှက်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၃၆ခွက် (ဘိန်းဖြူအလေးချိန် ၁ဒသမ၆၃၂ကီလို) တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ကျော်အောင် (ခ)အားတီနှင့် ဝေမင်း(ခ)အေးသားတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...