Social Icons

Pages

Thursday, October 12, 2017

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ နယ်မြေတည်ငြိမ်အေးချမ်း၍ နေရပ်သို့ပြန်လည် ပြောင်း ရွှေ့


ဒေသခံတိုင်းရင်းသားပြည်သူများ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပြောင်းရွှေ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၂-၁၀-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနက် ကျောက် တော်မြို့နယ်၊ မဟာကံကြီးသျှင်ဘုရားဓမ္မာရုံနှင့် ကာဒီကျေးရွာရှိ သဇင်ဘုန်းတော်ကြီးကျောင်းတို့၌ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်မှုကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိလာသည့်အတွက် ၎င်းတို့၏ မူလ နေရပ်သို့ ပြန်လည်ပြောင်းရွှေ့ရန်ဆန္ဒရှိကြောင်း သိရှိရသည်။

၎င်းတို့အနက် မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာ၊ ကန်သာယာကျေးရွာ၊ ခရေမြိုင်ကျေးရွာ၊ လေးမိုင် ကျေးရွာ၊ သရေကုန်းကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊ ဝေသာလီကျေးရွာ၊ ငွေတောင်ကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ငါးခူရကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာတို့မှ ဒေသခံတိုင်းရင်းသားအိမ်ထောင်စု ၃၈ စုမှ လူဦးရေ ၁၂၇ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လမ်းကြောင်းလုံခြုံရေးလိုက်ပါလျက် တပ်မ တော်မော်တော်ယာဉ်ခြောက်စီးဖြင့် ယနေ့နံနက်ပိုင်းတွင် ၎င်းတို့၏မူလနေရပ်များသို့ ပြန်လည်ကူညီ ပြောင်းရွှေ့ ပေးခဲ့ကြပြီး ထပ်မံပြောင်းရွှေ့ကြမည့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပြောင်းရွှေ့နိုင်ရေး ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...