Social Icons

Pages

Thursday, September 14, 2017

HINO ကုန်တင်ယာဉ်မှကျော်တက်စဉ် နောက်ဘီးနှင့် ချိတ်မိ၍ခွေးဘီလူးယာဉ် လမ်းဘေးမြောင်းထဲပြုတ်ကျ တစ်ဦးသေဆုံး



ပြင်ဦးလွင် ၁၄-၉-၂၀၁၇

ပြင်ဦးလွင် အဆင်းလမ်းတွင် HINO ကုန်တင်ယာဉ်မှ ကျော်တက်စဉ် နောက်ဘီးနှင့် ချိတ်မိ၍ ခွေးဘီလူးယာဉ်မှာ လမ်းဘေးရှိမြောင်းထဲသို့ ပြုတ်ကျ၍ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့မရဲစခန်းမှ သိရသည်။

ပြင်ဦးလွင်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စည်သူလွင် မောင်းနှင်လာသည့် ခွေးဘီလူး HIJET ယာဉ်ကို ယာဉ်မောင်း အိုက်ပီးမောင်းနှင် လာသည့် HINO BOX TRUCK ယာဉ်မှ မိုင်တိုင် ၃၆/၃၇ အရောက်တွင် HIJET ယာဉ်၏ ဝဲဘက်မှ ကျော်တက်စဉ် ယာဉ်နောက်ဘီးနှင့် ပွတ်တိုက်ချိတ်မိခဲ့ပြီး HIJET ယာဉ်မှာ လမ်းဘေးရှိ ရေနုတ်မြောင်းအတွင်းသို့ ထိုးကျမှုတစ်ခု ယနေ့မွန်းတည့် ၁၂နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် HIJETယာဉ်ပေါ်ပါရှိသည့် ယာဉ်မောင်းစည်သူလွင်နှင့် ဦးဘညိုတို့မှာ အသီးသီးဒဏ်ရာရရှိခဲ့ပြီး အောင်ချမ်းသာရွာနေ ဦးမျိုးကြည်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ HINO BOX TRUCK ယာဉ်မောင်းအိုက်ပီးမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ပြင်ဦးလွင် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်းအိုက်ပီးကို ယာဉ် (ပ) ၄၆ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...