Social Icons

Pages

Friday, September 15, 2017

ရန်ကုန်ဆိပ်ကမ်းမှ ဆီမီးခုံဆိပ်ကမ်းသို့ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို ယခုလအတွင်း စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်



ရန်ကုန် ၁၅-၉-၂၀၁၇

ရန်ကုန်ဆိပ်ကမ်းမှ ဆီမီးခုံဆိပ်ကမ်းသို့ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို ယခုနှစ် စက်တင်ဘာလအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး သတင်းများအရ သိရသည်။

ယခုလအတွင်း ရန်ကုန်ဆိပ်ကမ်းမှ ဆီမီးခုံဆိပ်ကမ်းသို့ ကွန်တိန်နာတင် တွဲရေယာဉ်ဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း အောင်မြင်မှုရရှိလာပါက လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မှ တွဲရေယာဉ်များ စီမံဆောင်ရွက်ထားရှိပြီး S.A Marine Co.,Ltd နှင့် ပူးပေါင်းဆောင်ရွက်ကာ ကွန်တိန်နာ ပို့ဆောင်ရေးလုပ်ငန်းကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ကွန်တိန်နာတင် တွဲရေယာဉ်များကို အသုံးပြုကာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် S.A MarineCo.,Ltd မှ အလျားမီတာ ၆ဝ၊ အနံ ၁၅မီတာ၊ ဇောက် သုံးမီတာ၊ရေစူး ၁ဒသမ၅၅မီတာရှိ ကုန်သေတ္တာတင် တွဲရေယာဉ်တစ်စီးကို မြန်မာ့သင်္ဘောကျင်း လုပ်ငန်းတွင် တည်ဆောက်ခဲ့သည်။ အဆိုပါကုန်သေတ္တာ တင်တွဲရေယာဉ်သည် ကုန်သေတ္တာ၂၂လုံး တင်ဆောင်နိုင်သည့် တွဲရေယာဉ် တစ်စီးဖြစ်သည်။ အဆိုပါကုန်သေတ္တာ တင်တွဲရေယာဉ်ကို ၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၈ ရက်က ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ ကုန်သေတ္တာတင် ကွန်တိန် နာတွဲယာဉ်သစ်ဖြင့် ၂ဝ၁၆ခုနှစ်တွင် ရေနည်းကာလဖြစ်သော မတ်လနှင့်ရေများ ကာလဖြစ်သော ဇူလိုင်လတို့တွင် ရန်ကုန်မြို့မှမန္တလေးမြို့သို့ ဌာနပိုင်တွန်းရေယာဉ်ဖြင့် သင့်တင့်သော ကွန်တိန်နာများ တင်ဆောင်၍ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် စမ်းသပ်ခုတ်မောင်း ပြေးဆွဲခဲ့ပြီး လိုအပ်မှုများအတွက်လည်း ဆောင်ရွက် ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဆိပ်ကမ်းမှ ဆီမီးခုံဆိပ်ကမ်းသို့ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို ၂ဝ၁၇ခုနှစ်စက်တင်ဘာလအတွင်း စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို လျော့ချဆောင်ရွက်ရာတွင် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်စေရေး၊ ကုန် စည်စီးဆင်း မှုသွက်လက် လျင်မြန်လာစေရေးနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးစရိတ်များ လျှော့ကျလာစေရေး ရည်ရွယ်ကာရန်ကုန်မြစ် အတွင်းသီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာရွေမဲ ဆိပ်ကမ်းတံတားသို့ ကွန်တိန်နာ ပို့ဆောင်ရေး လုပ်ငန်းကို S.A Marine Co.,Ltd နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိမရှိအခြေအနေများ သိရှိနိုင်စေရန် အတွက် Commercially Pilot Project အနေဖြင့် အထက်မြန်မာပြည်ကွန်တိန်နာ ပို့ဆောင်ရေး လုပ်ငန်းဖြစ်သည့် ရန်ကုန် ဆိပ်ကမ်းမှ ဆီမီးခုံ ဆိပ်ကမ်းသို့ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို ၂ဝ၁၇ခုနှစ် စက်တင်ဘာလအတွင်း ပြေးဆွဲသွားမည်ဖြစ်ပြီး အောင်မြင်ပါက လုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တွဲရေယာဉ်များ စီမံဆောင်ရွက်ထားရှိပြီး S.A Marine Co.,Ltd နှင့်ပူးပေါင်း၍ ရေကြောင်းဖြင့်ကွန်တိန်နာ ပို့ဆောင်ရေးလုပ်ငန်းများ ဆက်လက်တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...