Social Icons

Pages

Friday, September 15, 2017

၂ဝ၁၈ -၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်-သန်လျင် အမှတ် (၃) တံတား ထပ်မံတည်ဆောက်မည်



ရန်ကုန် ၁၅-၉-၂၀၁၇

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်သန်လျင် အမှတ် (၃) တံတားကို ဂျပန်နိုင်ငံ အစိုးရချေးငွေဖြင့် ထပ်မံတည်ဆောက် ပေးမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းထံမှ သိရသည်။

ရန်ကုန်-သန်လျင် အမှတ် (၃) တံတားအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဂျပန်နိုင်ငံအစိုးရ ချေးငွေငွေကျပ် ၃၂၃ ဒသမ ၂ဝ၅ သန်း အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်ပြီး ယခုအမှတ် (၁) တံတားအနီး ပဲခူးမြစ်အောက်ဘက် ၁၂၅ မီတာခန့်အကွာတွင် တည်ဆောက်မည်ဖြစ်သည်။ တံတားအရှည်သည် ၁၉၂၈ မီတာ (၆၄၂၆ ပေ) ကျော်ရှည်လျားမည်ဖြစ်ပြီး အကျယ် ၂၄ မီတာ (ပေ၈ဝ) ရှိမည်ဖြစ်ကာ လေးလမ်းသွား တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။

ရန်ကုန်-သန်လျင် အမှတ် (၁) တံတားသည် မော်တော်ယာဉ် အသုံးပြုမှုများပြား လာသဖြင့် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာပြီး တံတား၏ ကြံ့ခိုင်မှုအခြေအနေ များကိုပါထိခိုက်စေ၍ တံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင်၌ သီလဝါအထူး စီးပွားရေးဇုန်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရန် လိုအပ်ပြီး လက်ရှိတွင် ရန်ကုန်-သန်လျင် အမှတ် (၁) တံတားတွင် ယာဉ်ကြောပိတ်ဆို့ မှုများဖြစ်ပွားနေ၍ ခရီးစဉ်များနှောင့်နှေး ကြန့်ကြာမှုများရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...