Social Icons

Pages

Thursday, September 21, 2017

သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ကုန်ပစ္စည်းတင်သွင်းမှုများပြား



ရန်ကုန် ၂၁-၉-၂၀၁၇

ယခုဘဏ္ဍာနှစ်၏ ကုန်သွယ်မှုတွင် သွင်းကုန်ပမာဏ ပိုမိုများပြားနေသော်လည်း ယခုနှစ်အတွင်း သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကုန်ပစ္စည်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၉၃ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၈ဝဝ နီးပါးနှင့် လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၃၉ဝ ခန့် ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ထံမှ သိရသည်။

ယခုဘဏ္ဍာနှစ်စမှ လက်ရှိအချိန်ထိပို့ကုန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၉၄ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ၉၉၈ ဘီလီယံ နှစ်ရပ်ပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၉၂ ဘီလီယံရှိနေပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ဝ၄ ဘီလီယံရှိနေကြောင်း၊ ယင်းပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလအထိ ကုန်သွယ်မှုပမာဏထက် ပို့ကုန်တန်ဖိုးအမေရိကန် ဒေါ်လာ ၅၅၄ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈၂ ဘီလီယံ စုစုပေါင်း ၁ ဒသမ ၈၃၆ ဘီလီယံများပြား လာခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလိုငွေလျှော့ချရန် သွင်းကုန်ပမာဏ များပြားလာပါက ပြည်တွင်းထုတ်လုပ်သူများ မထိခိုက်စေမည့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းအပေါ် အကာအကွယ် ပေးရေး ဥပဒေရေးဆွဲပြီးဖြစ်သလို တခြားတစ်ဖက်တွင် ပို့ကုန်ကဏ္ဍတိုးမြှင့်ရန် ဈေးကွက်သစ်များရှာဖွေ၍ ကုန်ချောအဆင့်ထိ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...