Social Icons

Pages

Thursday, September 7, 2017

တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အား ကျော်လွန်ပျံသန်းခဲ့မှုမရှိကြောင်း သတင်းထုတ်ပြန်ချက်


၂၇-၈-၂ဝ၁၇ ရက်တွင် ကယ်ဆယ်ရေးပစ္စည်းများ၊ နာမကျန်းနှင့် ဒဏ်ရာရ အရပ်သားပြည်သူများအား ပို့ဆောင်ပေးသော ရဟတ်ယာဉ်ပျံသန်းခဲ့သည့် လမ်းကြောင်းပြမြေပုံ။

၁-၉-၂ဝ၁၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲဝင်များ လိုက်ပါပြီးရဟတ်ယာဉ်ပျံသန်းခဲ့ သည့်လမ်းကြောင်းပြမြေပုံ။

နေပြည်တော် ၇-၉-၂၀၁၇

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ မြန်မာနိုင်ငံမှ ရဟတ်ယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၃ ကြိမ်ကျော်လွန်ပျံ သန်းခဲ့ကြောင်းနှင့် သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်လည်း လေကြောင်းပိုင်နက်ကျော်လွန်ပျံသန်းခဲ့ကြောင်း ကန့်ကွက်စာ တစ်စောင်ပေးပို့ခဲ့သည်ဟု သိရှိရသည်။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ စက်တင်ဘာ ၁ ရက်တွင် တပ်မတော်(လေ)မှ ပျံသန်းခဲ့သည့် ရဟတ်ယာဉ်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လေသူရဲ၏ GPS Track Log အရ နယ်စပ်မျဉ်းနှင့် မီတာ ၅၀၀အကွာအဝေး တွင်သာ ပျံသန်းခဲ့ကြောင်း၊ အလားတူ သြဂုတ် ၂၇ ရက်တွင် ရဟတ်ယာဉ်ပျံသန်းခဲ့သည့် လမ်းကြောင်းများအရ နယ်နိမိတ်မျဉ်း၏ ၀.၄ မိုင်အကွာတွင်သာ အတက်/အဆင်းပြု လုပ်ခဲ့သဖြင့် နယ်နိမိတ်အား ကျော်လွန်ပျံသန်း ခဲ့ခြင်း မရှိကြောင်းနှင့် သြဂုတ် ၂၈ ရက်တွင် လည်း တပ်မတော်(လေ)မှ ရဟတ်ယာဉ်များဖြင့် နယ်နိမိတ်မျဉ်းအနီးပျံသန်းခဲ့ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ နိုင်ငံတော်သမ္မတရုံးသို့ မြန်မာ့တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ နယ်စပ်ဖြတ်ကျော်ပျံသန်းခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကန့်ကွက်မှုနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ကို ရှင်းလင်းတင်ပြထားပြီးဖြစ်သည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ် အောင်ဇော်ဦးကလည်း ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ တာဝန်ရှိသူများ ထံ ရှင်းလင်းခဲ့ပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းခဲ့ပြီးဖြစ်ပါသည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲခဲ့မှုအပေါ် တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ သည် ဘင်္ဂဘားဒေ့ရှ်နိုင်ငံ၏ နယ်စပ်သို့ ကျော်လွန်ပျံသန်းခဲ့မှုမရှိခဲ့ကြောင်း အများပြည်သူ ထင်မြင်လွဲမှားမှု မရှိစေရေး သတင်းထုတ်ပြန် အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...