Social Icons

Pages

Friday, September 15, 2017

မြစ်ကြီးနား မြို့နယ်အတွင်း လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော် ၁၅-၉-၂၀၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာ အနီးရှိ (၂၁) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များကို စစ်ဆေးစဉ် စက်တင်ဘာ ၁၃ ရက် နံနက် ၆ နာရီ မိနစ် ၄ဝ ခန့်တွင် နမ္မတီးဘက်မှ မြစ်ကြီးနားဘက်သို့ နော်ဆိုင်းမော် (ဘ) ဦးလရိန်မောင်းနှင်၍ ဂျာလီအောင်မြတ် (ဘ) ဦးတူးဂျာ လိုက်ပါလာသည့်ALPHARD အမျိုးအစားမော်တော်ယာဉ် အမှတ်၊ YGN 7 C/--------ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ 88/1 စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၄ ပြား၊ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခု၊ငွေကျပ် ၁၅၂သိန်းနှင့် ထိုင်ခုံအောက်၌ ဝှက်ထားသော ပစ္စတိုတစ်လက်၊၎င်းကျည် ၂၄တောင့်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည်ဆန်ထည့်ထားသည့် အိတ်တစ်အိတ်တို့နှင့် အတူတွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

စစ်ဆေးချက်များအရ ၎င်းတို့ငှားရမ်းနေထိုင်သည့် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ရှိ နေအိမ်ကိုနံနက် ၈ နာရီတွင် ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူမှုန့်များ ထည့်ထားသည့် ဆပ်ပြာခွက်နှစ်ခွက်(ခန့်မှန်း ဂရမ်၂ဝခန့်) နှင့် 88/1 စာတန်းပါ နီညိုရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၆၄ဝဝ တို့ကို ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ဆက်စပ် သတင်းများအရ ပူးပေါင်းအဖွဲ့က မြစ်ကြီးနားမြို့နယ်၊ ရာဒါကောင်း (ဘီ) ရပ်ကွက်ရှိ ခေါင်တောင်၏ နေအိမ်ကို ညနေ ၅ နာရီ မိနစ် ၄ဝ တွင် သွားရောက်ရှာဖွေရာ အိပ်ရာခြေရင်းရှိ အနီရောင်လက်ဆွဲအိတ် အတွင်းမှWY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၉၉ဝဝ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်ခု၊ မူးယစ်ဆေးဝါး ရောင်းချရရှိ ငွေကျပ် ငါးသိန်း၊ဆင်းကတ် နှစ်ခုပါ လက်ကိုင်ဖုန်းတစ်လုံး၊ အိပ်ခန်းမျက်နှာကြက်ပေါ်မှ ဘိန်းဖြူမှုန့်များ ထည့်ထားသည့် ဆပ်ပြာခွက် ၂၁၉ ခွက် (ခန့်မှန်း၂၅၅၇ ဂရမ်ခန့်)၊ 88/1 စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား ၂၉၇ဝဝ နှင့် နေအိမ်အောက်တွင် ရပ်ထားသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသော YGN 9 H/------နံပါတ်ပါ ပါဂျဲရိုးအမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် အတူခေါင်တောင်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၄ဝ၇ဝကျော်)၊ မော်တော်ယာဉ်များ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိသူများကို မြစ်ကြီးနား နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ပြီးတရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...