Social Icons

Pages

Sunday, August 6, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ H.E. Mr. Taro ASO က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ H.E. Mr. Taro ASO တို့ တာဝန်ရှိသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ H.E. Mr. Taro ASO  အား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်စဉ်။

နေပြည်တော် ၆-၈-၂၀၁၇

ဂျပန်နိုင်ငံသို့ အလုပ်သဘောချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အားယနေ့ဒေသ စံတော်ချိန် ညနေ ၅ နာရီတွင် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ H.E. Mr. Taro ASO က Kyoto မြို့ရှိနိုင်ငံတော်ဧည့်ဂေဟာ (State Guest House) ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော် အရာရှိကြီးများ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် စောမင်းနှင့်ဇနီးတို့ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူနှင့်အတူ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Hideo WATANABE၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ| Mr. Yoshei SASAKAWA ၊ Komeito ပါတီအကြံပေး Mr. Kazuyoshi SHIRAHAMA၊ Daihatsu မော်တော်ကားကုမ္ပဏီ၏ဥက္ကဋ္ဌ Mr. Masanori MITSUI နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးဇူတင် စကားပြန်လည်ပြောကြားသည်။

ထို့နောက် ညစာအား အတူတကွ သုံးဆောင်ကြသည်။ ညစာသုံးဆောင်နေစဉ် အတွင်းဂျပန်ရိုးရာ တေးသရုပ်ဖေါ်များနှင့် တီးခတ်ဖျော်ဖြေကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တီးခတ်ဖျော်ဖြေ ခဲ့ကြသည့် ဂျပန်ရိုးရာ တေးဂီတအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်သည်။ ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြ ကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...