Social Icons

Pages

Monday, August 7, 2017

ဓာတုဆေးဝါးပါဝင်သည့် ထုတ်ကုန်များ ဈေးကွက်သို့ ဝင်ရောက်မှုမရှိစေရန်နှင့် အဏုဇီဝပိုးမွှားများပါဝင်မှုနှုန်း ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးလျက်ရှိ



မန္တလေး ၇-၈-၂၀၁၇

ယခုဘဏ္ဍနှစ်မှစ၍ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များ လုပ်ကိုင်နေသည့် စားသောက်ကုန် ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတွင် အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုဆေးဝါးများပါဝင်သည့် ထုတ်ကုန်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု မရှိစေရန် Microlab ဓာတ်ခွဲစက်ဖြင့် အဏုဇီဝပိုးမွှားများ ရှိ၊ မရှိရှာဖွေစမ်းသပ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သင်းက ပြောပြသည်။

အဆိုပါ Microlab စက်ဖြင့် အဏုဇီဝ ဓာတ်ခွဲစမ်းသပ်မှုကို ယခုဘဏ္ဍာနှစ်မှ စတင်စမ်းသပ် ပေးလျက်ရှိကြောင်း၊ ယခင်ကမန္တလေး တိုင်းဒေသကြီး၌ Chemical နည်းတစ်ခုတည်းဖြင့် ဓာတ်ခွဲစမ်းသပ်နိုင်ခဲ့ပြီး ယခုအချိန်တွင် Microlab စက်ဖြင့် စမ်းသပ်ပေးရာတွင် အရည်အသွေး ပြည့်မီသည့် စားသောက်ကုန်များနှင့် လူသုံးကုန်များ ဖြစ်စေရန်နှင့် အန္တရာယ် ဖြစ်စေနိုင်သည့် ဓာတုဆိုးဆေးများ မပါဝင်နိုင်ရန် ရည်ရွယ်၍ ဓာတ်ခွဲ စမ်းသပ် စစ်ဆေးပေးလျက် ရှိကြောင်းသိရသည်။

''ကျွန်တော့်အနေနဲ့ အခုလိုလုပ်ဆောင်ပေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အစားအသောက်နဲ့ လူသုံးကုန်တွေမှာ FDA က ခွင့်ပြုထားတဲ့ Chemical တွေ အသုံးမပြုဘဲနဲ့ အပြင်ကဈေးပေါပေါနဲ့ရတဲ့ ဓာတုဆိုး ဆေးတွေကိုအသုံး ပြုပြီး အစားအသောက်နဲ့ အလှကုန် တွေရောင်းချနေမယ်ဆိုရင် စားသုံးသူနဲ့ သုံးစွဲမိတဲ့သူတွေ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ တချို့စီးပွားရေး သမားတွေက သူတို့ရဲ့ကုန်ပစ္စည်းတွေ၊ အစားအသောက်တွေ တာရှည် ခံချင်တော့ သတ်မှတ်ထားတဲ့ Chemical ပမာဏထက်ပိုပြီးသုံးတာ တွေရှိပါတယ်။ အခု Chemical စက်နဲ့ စမ်းသပ်ပြီးရင် Microlab  စက်နဲ့ ထပ်မံစမ်းသပ်တဲ့အခါမှာ အရည်ဆိုရင် သုံးကြိမ်နဲ့ ယိုစုံတွေဆိုရင် နှစ်ကြိမ် အဏုဇီဝပိုး ပါ၊မပါ ဓာတ်ခွဲစမ်းသပ် ပေးနေပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...