Social Icons

Pages

Wednesday, July 12, 2017

နမ့်ခမ်းမြို့အတွင်းရှိ ဈေးဆိုင်များအား ဆက်ကြေး ကောက်ခံနေသည့် TNLA အကြမ်းဖက် သောင်းကျန်းသူ ၂ ဦးဖမ်းဆီးရမိ


သိမ်းဆည်းရမိ ဓားမြှောင်၊ ဆက်ကြေးကောက်ခံရရှိသည့်ငွေနှင့် ဆက်စပ် ပစ္စည်းများကို တွေ့ရစဉ်။

သိမ်းဆည်းရမိလိုင်စင်မဲ့ဆိုင်ကယ်ကို တွေ့ရစဉ်။

ဖမ်းဆီးရမိသူကို တွေ့ရစဉ်။

နေပြည်တော် ၁၂-၇-၂၀၁၇

ဒီမိုကရေစီအစိုးရ စတင်ပေါ်ပေါက်လာသည့် ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက် နောက်ပိုင်း နိုင်ငံတော်နှင့် ပလောင်ဒေသ ပြည်သူများအပေါ် လူသတ်၊ဓားပြတိုက်၊ ပြန်ပေးဆွဲခြင်းနှင့် ဆက်ကြေးကောက်ခံခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များ ဖောက်ဖျက် ကျူးလွန်နေသည့် TNLA အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းသည် တည်ဆဲဥပဒေများ၊ ပြစ်မှုများ ဆက်တိုက်ဖောက်ဖျက် ကျူးလွန်လျက်ရှိရာ ဇူလိုင် ၁၀ ရက်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက နမ့်ခမ်းမြို့နေ ပြည်သူလူထုနှင့် သမာအာဇီဝ လုပ်ကိုင်ရှာဖွေ စားသောက်နေကြသည့် ပြည်သူများထံမှ မတရားဆက်ကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း အဓမ္မမတရားမှု ကျူးလွန်နေသူများကို လက်မခံသည့် တာဝန်သိပြည်သူတို့၏ သတင်းပေးပို့ချက်အရ တပ်မတော်စစ်ကြောင်းက နမ့်ခမ်းမြို့အတွင်း ကင်းပုန်းဝပ် လုံခြုံရေးဆောင်ရွက်စဉ် ယင်းနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဈေးဆိုင်များအား ဆက်ကြေးလိုက်လံ ကောက်ခံနေသည့် အရပ်ဝတ်ဖြင့် အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးအား တွေ့ရှိ၍ စစ်ဆေးရာ ဓားဖြင့်တိုက်ခိုက်ပြီး ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက လက်နက်ငယ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရမိသူများမှာ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အိုက်စံအောင် (ဘ) ဦးမောင်ဆန်းနှင့် မိုင်းအိုက်ဦး (ဘ) ဦးသားအိုက်ကောင်း တို့ဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးစဉ် အိုက်စံအောင်မှာ လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတို့အား ရှာဖွေစစ်ဆေးစဉ် ဆက်ကြေးကောက်ခံ ရရှိသည့်ငွေ ၁၀၂၂၀၀၀ ကျပ်၊ ဆက်ကြေးကောက်ခံရမည့် ဆိုင်အမည်နှင့် ငွေပမာဏပါ စာရွက် ၁ ရွက်၊ ဆိုင်အမည်နှင့် ဖုန်းနံပါတ်ပါ စာရွက် ၁ ရွက်၊ ဖုန်း ၂ လုံး၊ ဓားမြှောင် ၁ ချောင်းနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် အိုက်စံအောင်ကို နမ့်ခမ်းမြို့ရှိ နယ်မြေခံ တပ်ဆေးခန်း၌ ဆေးကုသမှု ဆောင်ရွက်ပေးနေစဉ် ၎င်းမှာ ရရှိဒဏ်ရာဖြင့် ညနေ ၆ နာရီ ၅ မိနစ်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။ အဆိုပါနေရာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...