Social Icons

Pages

Wednesday, July 12, 2017

ယခုဘဏ္ဍာနှစ် သုံးလတာအတွင်း ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ နီးပါးရရှိ



ရန်ကုန် ၁၂-၇-၂၀၁၇

ယခုဘဏ္ဍာနှစ် ဇွန် လကုန် အထိ သုံးလတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ချုပ်ပြီးအထည် တင်ပို့မှုမှ အမေရိကန် ဒေါ်လာသန်း ၅ဝဝ နီးပါးရရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း၂ဝဝ ကျော် ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ၌ လာရောက်လုပ်ကိုင် လျက်ရှိသော ကုမ္ပဏီများ၏ ၆၅ ရာခိုင်နှုန်းမှာ တရုတ်ကုမ္ပဏီများ ဖြစ်သည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းများ အနေဖြင့် ပြည်ပဈေးကွက် ရှိသော်လည်း ပြည်တွင်း ထုတ်လုပ်နိုင်မှုမှာ အကန့်အသတ်ဖြင့် သာထုတ်လုပ်နိုင် သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့သို့ အများဆုံး တင်ပို့ခဲ့သော်လည်း ယခုနှစ်တွင် ဥရောပသမဂ္ဂမှ အော်ဒါမှာယူမှု ပိုမိုမြင့်တက် လာပြီး ဂျပန်နိုင်ငံနှင့်အပြိုင်ဖြစ် လာကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် လက်ခစားစနစ် (CMP) ဖြင့်သာတင်ပို့နေရ သဖြင့်လာမည့် ကာလများတွင် ကိုယ်တိုင်ထုတ်လုပ် ရောင်းချသည့်စနစ် () ဖြင့်တင်ပို့နိုင်ရေး အတွက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...