Social Icons

Pages

Tuesday, July 11, 2017

ဘိုကလေးမြို့နယ်ရှိ စက်ဆန်းတံတားကို ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်


စက်ဆန်းတံတားတည်ဆောက်ရေးလုပ်ငန်းခွင်ကိုတွေ့ရစဉ်။

ဘိုကလေး ၁၁-၇-၂၀၁၇

ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့က တာဝန်ယူတည်ဆောက် လျက်ရှိသည့် ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်ရှိ စက်ဆန်းတံတားကို ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတား စီမံကိန်းကို ၂ဝ၁ဝ ပြည့်နှစ် ဇွန် ၁ ရက်က စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁ဝ ရက်တွင် ၇ဝ ရာခိုင်နှုန်းအထိ ပြီးစီးသွားပြီ ဖြစ်ကြောင်းနှင့် ယခုဘဏ္ဍာနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ရန် ဘတ်ဂျက်တောင်းခံ ဆောင်ရွက် လျက်ရှိကြောင်း တံတားတည်ဆောက်ရေး အဖွဲ့(၁၅) မှ ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ကျော်မိုးထံမှ သိရသည်။

''လက်ရှိမှာတော့ ဘိုကလေးမြို့ကို သွားရင် သင်္ဘောနဲ့ သွားရတဲ့အတွက် အန္တရာယ်များ ပါတယ်။ စက်ဆန်းတံတား ပြီးသွားရင်တော့ အန္တရာယ်ကင်းကင်းနဲ့ အချိန်ကုန် သက်သာစွာသွားလာ နိုင်မှာပါ။ ဒီတံတားက
ဖျာပုံနဲ့ ရန်ကုန်ဘက်ကိုလည်း လမ်းပေါက်တဲ့ တံတားဆိုတော့ တောင်သူတွေအတွက် စပါးနဲ့ရာသီထွက် သီးနှံတွေကို သယ်ယူတဲ့နေရာမှာ အချိန်ကုန် ငွေကုန်အရမ်းကို သက်သာသွားမှာပါ'' ဟုအမားမြို့နယ်မှ ဒေသခံ ဦးကျော်ကျော်နိုင်က ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် အသက်များစွာ ဆုံးရှုံးခဲ့ရသည့် ဧရာဝတီတိုင်း ဒေသကြီးတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက နာဂစ်ကွန်ရက်လမ်း ၁၁ လမ်းကို ဖောက်လုပ်ခဲ့ရာ စက်ဆန်းတံတားသည် လမ်းအမှတ် (၆) ၌ရှိ
ပြီး ဘိုကလေး၊ စက်ဆန်း၊ ထော်ပိုင်၊ အမားမြို့နယ်ခွဲ စသည့်ဒေသများကို ဆက်သွယ်ထားသည့် တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။

စက်ဆန်းတံတားသည် အရှည် ၁၇၈၁ ပေ ၆ လက်မ၊ အကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း အကျယ်တစ်ဖက်လျှင် ၃ ပေစီပါရှိပြီး ဘိုးပိုင်အုတ်မြစ်နှင့် ပင်မတံတားမှာ သံမဏိသံပေါင်၊ ချဉ်းကပ် တံတားမှာ RC သံကူကွန်ကရစ် အမျိုးအစားဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...