Social Icons

Pages

Thursday, July 13, 2017

ပြည်တွင်းသကြားဈေး ကျဆင်းနေပြီး လာမည့် ပြည်တွင်းသကြားစက်များ စတင်လည်ပတ်ချိန်တွင် ကြံစိုက်တောင်သူများ အခက်အခဲဖြစ်နိုင်



မန္တလေး ၁၃-၇-၂၀၁၇

လက်ရှိတွင် ပြည်တွင်းသကြား ဈေးကျဆင်းနေပြီး လာမည့် ပြည်တွင်းသကြားစက်များ စတင်လည်ပတ်ချိန်၌ ကြံဈေးနှုန်းများ လည်းကျဆင်းနေသည့် အတွက် ကြံစိုက်တောင်သူများ အခက်အခဲဖြစ် ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင် များအသင်း (မန္တလေး)ထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ သကြားကုန်သည်များကို အဖမ်းအဆီးများနေသည့် အတွက်အရောင်း အဝယ်မဖြစ်ဘဲ ပြည်တွင်းသကြား ဈေးနှုန်းပါ ကျဆင်းလျက်ရှိပြီး လာမည့်နိုဝင်ဘာလတွင် ပြည်တွင်း သကြားစက်များ စတင်လည်ပတ်ချိန်၌ လက်ရှိပြည်တွင်း၌ စုပုံနေသည့် သကြားလက်ကျန်ရှိနေပါက ကြံဈေးနှုန်းပါ ကျဆင်းနိုင်ကြောင်း အဆိုပါအသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြသည်။

၂ဝ၁၆-၂ဝ၁၇ ကြံစိုက်ရာသီတွင် ကြံစိုက်ဧကစုစုပေါင်း ၃၆၃၂၅၁ ဧက စိုက်ပျိုးခဲ့၍ ကြံစိုက်ဧကလျော့နည်းခြဲ့ပီး ၂ဝ၁၅-၂ဝ၁၆ခုနှစ် နှင့်ယှဉ်လျှင် ၃၅၁၄၄ဧကလျော့ နည်း၍ စိုက်ပျိုးခဲ့ကာ ယခု ၂ဝ၁၇- ၂ဝ၁၈ ကြံစိုက်ရာသီတွင် ကြံဈေး ကောင်းရရှိခဲ့သည့် အတွက် ပြီးခဲ့သည့်နှစ်ထက် ၃၅ရာခိုင်နှုန်းခန့် ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

လက်ရှိပြည်တွင်းသကြားဈေး နှုန်းမှာတစ်ပိဿာလျှင် ငွေကျပ် ၁၁၅ဝ၊ ၁၁၆၅ ဈေးရှိပြီးမူဆယ်တွင် သကြားတစ်အိတ်လျှင် တရုတ်ယွမ် ၁၉၅ယွမ် ပေါက်ဈေးရှိကြောင်း၊ မြန်မာနိုင်ငံသို့ ပြည်မှRe- Export သကြားတင်သွင်းမှုမှာ တစ်လလျှင်တန်ချိန် တစ်သိန်းခွဲမှ နှစ်သိန်းခန့်ရှိပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံသို့ သကြားတင်သွင်းမှုမှာ စုစုပေါင်း သကြားတန်ချိန်ပေါင်း ၁ ဒသမ၆ သန်းကျော်တင်သွင်းခဲ့ပြီး ၂ဝ၁၆- ၂ဝ၁၇ဘဏ္ဍာနှစ်က တန်ချိန်ပေါင်း ၁ ဒသမ ၈ သန်းကျော် တင်သွင်းခဲ့၍ တန်ချိန် ၂ သိန်းကျော် ပိုမိုရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ပြည်တွင်းသကြား ထုတ်လုပ်မှုမှာ ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ် က တန်ချိန် ၂၄၅၉ဝဝ ရှိကြောင်း
သိရသည်။

ပြည်ပမှပြီးခဲ့သည့် မတ်လနှင့် ဧပြီလ နှစ်လအတွင်း မြန်မာနိုင်ငံသို့ တင်သွင်းထားသည့် Re- Export သကြားမှာ တန်ချိန် ၃သိန်းခန့်ရှိပြီး သင်္ကြန်ကာလမတိုင်မီ ပြည်ပမှသကြားများကို ဒေါ်လာဈေး မြင့်တက်ချိန်နှင့် ကမ္ဘာ့သကြား ဈေးမြင့်နေချိန်တွင် ဝယ်ယူတင် သွင်းထားမိခြင်း မူဆယ်ဈေးကွက်တွင် သကြားကို တရုတ်နိုင်ငံမှ ဖမ်းဆီးမှု များနေသည့်အတွက် ပြည်တွင်း၌သကြားများ ပိတ်မိနေခဲ့၍ သကြားတစ်တန်လျှင် ငွေကျပ်
တစ်သိန်းခန့် (စုစုပေါင်း ငွေကျပ် ၁ဝဘီလီယံခန့်) အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...