Social Icons

Pages

Friday, July 7, 2017

မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Borge Brende အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၇-၇-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Borge Brende အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.Mrs. Tone Tinnes နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အဓိကစိန်ခေါ်မှုဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့တပ်မတော်၏ အဓိကစိန်ခေါ်မှုဖြစ်သည့် ထာဝရငြိမ်းချမ်းရေး တို့အတွက် နိုင်ငံတော်အစိုးရရော တပ်မတော်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်နေသည့် အခြေအနေများ၊ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများတွင် အစိုးရ၊လွှတ်တော်၊ တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များပူးပေါင်း၍ နိုင်ငံရေးစကားဝိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေမှုများ၊ နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် မြေမြှုပ်မိုင်း ရှင်းလင်းရေးတို့တွင် ပူးပေါင်းလုပ်ဆောင်နေမှု အခြေအနေများ၊ ဒီမိုကရေစီကျင့်သုံးရာတွင် မိမိတို့၏ လိုအင်ဆန္ဒများကို လက်နက်ဆွဲကိုင်ပြီး တောင်းဆို၍မရနိုင်သည့် အသိများရှိရန် အရေးကြီးမှုနှင့် အချို့သော အလှူရှင်ပြည်ပ နိုင်ငံများနှင့် NGO ၊ INGO တို့၏ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် တိုက်ရိုက်ထောက်ပံ့ နေမှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကအဟန့်အတား အနှောက်အယှက် ဖြစ်စေသည့် အခြေအနေများ၊ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ် အရေးကိစ္စတွင် မြန်မာတိုင်းရင်းသား ထဲတွင်မပါသည့် ရိုဟင်ဂျာကို လုပ်ကြံပုံဖော်နေမှု၊ ယင်းဒေသရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူရန် လိုအပ်မှုအခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးအား အမှတ်တရလက်ဆောင် ပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...