Social Icons

Pages

Friday, July 14, 2017

ကမ္ဘာ့ရော်ဘာအသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ထွန်းသစ်စ ရော်ဘာနိုင်ငံအဖြစ် အသိအမှတ်ပြုလာ



ရန်ကုန် ၁၄-၇-၂၀၁၇

ကမ္ဘာ့ရော်ဘာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ထွန်းသစ်စ ရော်ဘာနိုင်ငံ (New Rubber Emerging Country) အဖြစ်အသိအမှတ်ပြု လာကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MyanmarTrade) နှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း၏ သတင်းများအရ သိရသည်။

ရော်ဘာသည် ယနေ့ကမ္ဘာတွင် မရှိမဖြစ် လိုအပ်နေသည့် ကုန်စည်တစ်ခု ဖြစ်သည်။ ရော်ဘာကဏ္ဍတွင် သဘာဝရော်ဘာနှင့် ရော်ဘာတုဟူ၍ ရှိနေပြီး သဘာဝရော်ဘာသည် စိုက်ပျိုးရေး ထွက်ကုန်စည် တစ်ခုဖြစ်ပြီး ရော်ဘာ တုသည်ရေနံမှ ထုတ်လုပ်သည့် ကုန်စည်ဖြစ်သည်။

ယနေ့ကမ္ဘာပေါ်တွင် သဘာဝရော်ဘာနှင့် ရော်ဘာတု နှစ်မျိုးလုံး၏ ၇ဝ ရာခိုင်နှုန်းခန့်မှာ တာယာထုတ်လုပ်မှု လုပ်ငန်းများတွင် အသုံးပြုသည်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝရော်ဘာများ ကိုသာ ထုတ်လုပ်နေပြီး ကမ္ဘာပေါ်တွင် အစောဆုံး ရော်ဘာထုတ်လုပ်သည့် နိုင်ငံများတွင် ပါဝင်နေသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ဂျပန်နိုင်ငံ၏ နည်းပညာအကူအညီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုများဖြင့် ရော်ဘာကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေး ဌာန ဝင်းအတွင်းတွင် ရော်ဘာအရည်အသွေး ဓာတ်ခွဲခန်းကို ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါဓာတ်ခွဲခန်းကို နိုင်ငံတကာ ရော်ဘာအသင်း (IRA) ၏ အသိအမှတ်ပြုမှု ဖြစ်စေရန်အတွက် ၂ဝ၁၆ခုနှစ် မေလက နိုင်ငံတကာ ရော်ဘာအသင်း (IRA) သို့ ဝင်ရောက်ခဲ့သည်။

ထို့ကြောင့် အဆိုပါဓာတ်ခွဲခန်းမှ နိုင်ငံတကာ ရော်ဘာအသင်း (IRA) ၏ ISO လက်မှတ်များ ရရှိလာပါက မြန်မာ့ရော်ဘာများ အနေဖြင့် နိုင်ငံတကာရော်ဘာ ဈေးကွက်သို့ ဝင်ရောက်နိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...