Social Icons

Pages

Friday, July 14, 2017

မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီနှင့်အဖွဲ့ စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာ


မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ နှင့်အဖွဲ့စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများကိုကြည့်ရှုလေ့လာစဉ်။

စစ်တွေ ၁၄-၇-၂၀၁၇

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စယန်ဟီလီနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့မှ ရေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ စစ်တွေမြို့သို့ နံနက် ၁ဝ နာရီတွင် ပြန်လည် ရောက်ရှိသည်။

မစ္စယန်ဟီလီနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မဒ္ဒရာဆာအိစ္စလာမီ စာသင်ကျောင်း၌ အောင်မင်္ဂလာရပ်ကွက်ရှိ အစ္စလာမ်ဘာသာ ဝင်များနှင့် တွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် စစ်တွေမြို့နယ် သက္ကယ်ပြင် ကယ်ဆယ်ရေး စခန်းရှင်းလင်းဆောင်၌ စခန်းအတွင်းရှိ အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းကာ စခန်းအတွင်း လှည့်လည် ကြည့်ရှုသည်။

ထို့နောက် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...