Social Icons

Pages

Wednesday, July 12, 2017

ယင်းမာပင်မြို့နယ်တွင် တရားမဝင်ပိတောက်ခွဲသား သုညဒသမ ၆ဝ၃၉ တန်တင်ဆောင်ထားသော ယာဉ်တစ်စီး ဖမ်းဆီးရမိ



ယင်းမာပင် ၁၂-၇-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် တရားမဝင် ပိတောက်ခွဲသား သုညဒသမ ၆ဝ၃၉ တန် တင်ဆောင်ထားသော ယာဉ်တစ်စီးကို ယနေ့ နံနက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသန်း၏ စီမံအုပ်ချုပ်မှုအောက်ရှိ ယင်းမာပင်မြို့နယ် သစ်တောဦးစီး ဌာနမှူး ဦးဆောင်ပါဝင်သော သစ်တောရဲများ၊သစ်တောဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ယင်းမာပင်ခရိုင်အတွင်း တရားမဝင်သစ်များ ခိုးလှဲခြင်း၊ ထုတ်လုပ်ခြင်း၊ ဝယ်ယူရောင်းချ သယ်ယူခြင်းများကို အရှိန်အဟုန်မြှင့် ရှာဖွေဖမ်းဆီး လျက်ရှိရာ ယနေ့နံနက် ၅ နာရီ ၁၅မိနစ်က မုံရွာ - ကလေးဝ - ယာကြီးလမ်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာ (မြောက်)အနီး နှစ်ဖာလုံခန့်အကွာတွင် တရားမဝင် ပိတောက်ခွဲသား ၁၃ ချောင်း သုညဒသမ ၆ဝ၃၉ တန် တင်ဆောင်ရပ်တန့် ထားသော ယာဉ်အမှတ် 4H/----WISH  အဖြုရောင်ယာဉ် တစ်စီးကို ပိုင်ရှင်မဲ့ရှာဖွေ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော သစ်များကို ကျောက်မှော်(၁) ဘိနယ် သစ်တောစခန်းတွင် လုံခြုံစွာ သယ်ယူထိန်းသိမ်း ထားပြီးမြို့နယ်သစ်တော ဦးစီးဌာနမှ သစ်တောဥပဒေအရ အမှုဖွင့် ဆောင်ရွက်နိုင်ရေး တရားမဝင်ပိတောက်ခွဲသားတင်ဆောင်ထားသော ယာဉ်ပိုင်ရှင်ကို ဆက်လက်ရှာဖွေစုံစမ်း လျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...