Social Icons

Pages

Friday, July 14, 2017

နောင်ချိုမြို့နယ်တွင် ခရီးသည်တင်ယာဉ် တစ်စီးပေါ်မှ တရားမဝင်ကျောက်စိမ်း၊ အေးခဲအသားများနှင့် သစ်များ ဖမ်းဆီးရမိ



နောင်ချို ၁၄-၇-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် ဘန့်ဘွေးတိုးဂိတ်အနီး ခရီးသည်တင် ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ တရားမဝင် ကျောက်စိမ်းတုံး၊ ပိတောက်၊ကျွန်းသစ်များနှင့် အေးခဲအမဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းအရ ဘန့်ဘွေးစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့နယ် သစ်တောနှင့် သယံဇာတထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ဘန့်ဘွေးအိုရီရမ် တယ်တိုးဂိတ်တွင် ပိတ်ဆို့ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ လားရှိုးဘက်သို့ ယာဉ်မောင်း စိုင်းစံဝိုး မောင်းနှင်လာသော ဆုလာဘ်ရွှင်ခရီးသည်တင် မှန်လုံယာဉ်ကို ရှာဖွေစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်း ဆာလာအိတ်များဖြင့် ထုပ်ပိုးထားသော အေးခဲအမဲသား ပိဿာချိန်၃ဝဝ၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးအသေး ၁၄ခြမ်း၊အကြီး သုံးခြမ်း၊စုစုပေါင်းအရွယ်စုံ ၁၇ခြမ်း၊ အလေးချိန် ၂၂၂ ကီလိုကရမ်ခန့်ကို ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ယာဉ်ပေါ်တွင် ပိတောက်သားဖြင့် ပြုလုပ်ထားသည့် အချောထည် ဖရုံထမင်းအုပ်၂၅လုံး၊ အလေးချိန် ဝဒသမ၁၆ဝဝတန်၊ ဆေးလိပ်ပြာခွက်၃၇ခု အလေးချိန် ဝ ဒသမ ဝ၁၄ဝ တန်၊ ပန်းကန်ပြား အချပ်၁ဝဝ အလေးချိန် ဝ ဒသမ ၁၆ဝဝတန်၊ပန်းအိုးအလုံး၎ဝ အလေး ချိန်ဝ ဒသမ ဝ၆၄ဝ တန်၊ ပန်းကန် ၃၈လုံး အလေးချိန် ဝ ဒသမ ဝ၁၆ဝ တန်၊ စုစုပေါင်းအလေးချိန် ဝ ဒသမ ၄၁၄ဝ တန်နှင့် ကျွန်းသစ်ခွဲသား ၆ ဒသမ ဝ၉၂တန်တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားဝင်အထောက်အထား မပါဘဲ သယ်ဆောင်လာသူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာနေသူ စိုင်းစံဝိုးကို ကျောက်မျက် အက်ဥပဒေ ၄၂ (က)၊ သစ်တောထွက် ပစ္စည်းများ တရားမဝင် သယ်ဆောင်မှုအတွက် ပပက၆ (၁) တို့ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...