Pages

Friday, June 23, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Sevastopol မြို့နှင့် Balaklava မြို့များရှိ အထင်ကရနေရာများအား လှည့်လည်ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ Balaklavaမြို့ ဥမင်တူးမြောင်းအတွင်းရှိ ပြခန်းများအား ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Sevastopol  မြို့ရှိ Archestrakyigar Mehailar ခရစ်ယာန်ဘုရားကျောင်းသို့ သွားရောက်လေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Sevastopol မြို့ရှိ ပင်လယ်နက်ရေတပ်စခန်းဌာနချုပ် ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Sevastopol မြို့ရှိ ပင်လယ်နက်ရေတပ်စခန်းဌာနချုပ် ပြတိုက်ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးစဉ်။

နေပြည်တော် ၂၄-၅-၂၀၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ညွန့်ဆွေတို့လိုက်ပါပြီး ဇွန် ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် Sevastopol မြို့ရှိ Archestrakyigar Mehailar ခရစ်ယာန်ဘုရား ကျောင်းသို့ သွားရောက်လေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သင်းအုပ်ဆရာတော်မှ ကြိုဆိုနှုတ်ဆက်ပြီး ဘုရားကျောင်းအတွင်း လှည့်လည်ပြသသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘုရားကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Balaklava မြို့ရှိ Fortification and Engineering Installtions Museum သို့ရောက်ရှိလေ့လာကြရာ ပြတိုက်တာဝန်ခံမှ ဆိုဗီယက်ခေတ်တွင် ရေငုပ်သင်္ဘောများ နျူကလီးယားဗုံးဒဏ်ခံနိုင်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ဆိုဗီယက်ခေတ်မှ ယနေ့ကာလအထိ အသုံးပြုခဲ့သည့် ရေငုပ်သင်္ဘောများ၏ အကြောင်း အရာများနှင့် ဥမင်တူးမြောင်းတည်ဆောက်ထားမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဥမင်တူးမြောင်းအတွင်းရှိ ပြခန်းများအား လိုက်လံကြည့်ရှုလေ့လာပြီး သိရှိလိုသည်များမေးမြန်းဆွေးနွေးကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

အဆိုပါပြတိုက်သည် ဆိုဗီယက်ခေတ်အတွင်း ရေငုပ်သင်္ဘောများအား နျူကလီးယားဗုံးဒဏ်မှ ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားသည့် မီတာ ၈၀၀ ခန့်အရှည်ရှိသော မြေအောက်ဥမင်တူးမြောင်း တစ်ခုဖြစ်ပြီး ရေငုပ်သင်္ဘော ၁၀ စင်းအထိ တစ်ပြိုင်တည်း ဆိုက်ကပ်ထားနိုင်သည့်အပြင် လက်နက်၊ ခဲယမ်းများကို ပါထုတ်လုပ်တပ်ဆင်နိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကီလိုတန် ၁၀၀ အထိအနုမြူဗုံးဒဏ်ခံနိုင်အောင် တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ယခုအခါ ရုရှားလူငယ်များနှင့် ပြည်သူလူထု မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရန်နှင့် ကမ္ဘာလှည့်ခရီးသွားများ လေ့လာနိုင်ရန်ပြတိုက်အဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Balaklava မြို့ကမ်းနားလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှု့လေ့လာကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Sevastopol မြို့ရှိ ပင်လယ်နက် ရေတပ်စခန်းဌာနချုပ်ပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ ပြတိုက်မှ တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေထိုးသည်။

အဆိုပါ ပင်လယ်နက်ရေတပ်စခန်းပြတိုက်အတွင်း ပင်လယ်နက်ရေတပ်စခန်း ဌာနချုပ်မှ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် စစ်သင်္ဘောများ၊ စစ်လက်နက်ပစ္စည်း များနှင့် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...