Social Icons

Pages

Thursday, June 1, 2017

မြောင်းမြမြို့၌ နှစ် ၁ဝဝ အာမခံသံကူကွန်ကရစ် မြစ်ကူးတံတားအသစ် တည်ဆောက်မည်


မြောင်းမြကြိုးတံတား အားတွေ့ရစဉ်။

မြောင်းမြ ၁-၆-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ နှစ် ၁ဝဝ အာမခံသံကူကွန်ကရစ် မြစ်ကူးတံတား အသစ်ကိုယခုနှစ် ဘတ်ဂျက်တွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ 

မြောင်းမြမြို့မှ ရန်ကုန်- မြောင်းမြ လပွတ္တာလမ်းပေါ်ရှိ မြောင်းမြကြိုးတံတားသည် လက်ရှိခံနိုင်ဝန် အားနည်းကာ ကြံ့ခိုင်မှုအားနည်း လာသည့်အတွက် သံကူကွန်ကရစ် တံတားတည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ပြီး တံတားကို ဂျပန်နည်းပညာ အကူအညီဖြင့် တည်ဆောက်မည် ဖြစ်သည်။ တည်ဆောက်မှု ပုံစံဒီဇိုင်းအရ နှစ် ၁ဝဝ အာမခံသက်တမ်းရှိမည် ဖြစ်သည်။

''ဟိုတုန်းက အင်ဂျင်နီယာတွေ ဆောက်ခဲ့တဲ့ တံတားပါ။ ဒီတံတားကို အခုနည်းပညာသစ်နဲ့ တည်ဆောက်သွားမှာပါ'' ဟု တံတားဦးစီး ဌာနအင်ဂျင်နီယာချုပ် ဦးကျော်လင်းက ပြောသည်။ 

၁၉၉၆ ခုနှစ်မှ စတင်ခဲ့သည့် မြောင်းမြကြိုးတံတားသည် ဧရာဝတီတိုင်းဒေသကြီး၌ ပထမဆုံး တည်ဆောက်ခဲ့သည့် ကြိုးတံတားဖြစ်သည်။ ၂ဝဝ၈ ခုနှစ်နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် လပွတ္တာမြို့နယ် သို့ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ တန်ပိုများစွာသယ်ယူ ဖြတ်သန်းခဲ့သောကြောင့် တံတားကြံ့ခိုင်မှု ကျဆင်းခဲ့ရာမူလ ယာဉ်တစ်စီး ခွင့်ပြုတန်ချိန် တန် ၆ဝ ခွင့်ပြုခဲ့ရာမှ ခံနိုင်ဝန်ကျဆင်းခဲ့ သဖြင့်တန်ချိန် ၂ဝ အထိလျှော့ချ ခဲ့ရသည်။ယခု အခါ တန်ချိန် ၆ဝ ခံနိုင်မည့် နှစ်လမ်းသွား တံတားသစ်တစ်စင်းကို တည်ဆောက်မည် ဖြစ်သည်။

အဆိုပါတံတား တည်ဆောက်ရာတွင် မလွတ်ကင်းသည့် မြေနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေပြီး အသုံးပြုမည့် လယ်မြေများ အတွက်လည်း သင့်လျော်သည့် လျော်ကြေးကို ပေးမည်ဖြစ်သည်။

တံတားအသစ်ကို မြောင်းမြဘက်ကမ်းမှ ယခင်ကြိုးတံတားနှင့် ကပ်လျက် ဘယ်ဘက်ခြမ်းတွင် တည်ဆောက်ရန် စီစဉ်ထားပြီး လက်ရှိတွင်အသေးစိတ် တွက်ချက်မှုများ ဆောင်ရွက်နေကာ ငွေကျပ် ၆ ဘီလီယံထက် မနည်းကုန်ကျ မည်ဖြစ်သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...