Social Icons

Pages

Thursday, June 1, 2017

တရုတ်ကုန်သည်များ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှု နည်းပါး၍ ပြည်တွင်းဈေးကွက်၌ ဆန်ကြမ်းဈေးနှုန်း ကျဆင်းလာ



ရန်ကုန် ၁-၆-၂၀၁၇

ရန်ကုန် မေ ၃၁ မိုးဦးရာသီတွင် ပြည်တွင်း ဆန်ဈေးကွက်၌ ဆန်ဈေးနှုန်းများ စတင်မြင့်တက်လေ့ ရှိသော်လည်း တရုတ်ကုန်သည်များက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှု နည်းပါးနေ၍ ပြည်တွင်းဈေးကွက်၌ ဆန်ကြမ်းဈေးနှုန်း ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ တရုတ်အစိုးရ၏ ဖမ်းဆီးမှုကြောင့် တရုတ်နိုင်ငံမှ အဝယ်နည်းလာသဖြင့် ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းသည် မေလတတိယ ပတ်မှစ၍ တစ်အိတ်လျှင် ပျမ်းမျှငွေကျပ် ၁ဝဝဝ ဝန်းကျင် အထိဈေးနှုန်း ကျဆင်းလာကြောင်း ဘုရင့်နောင်ဆန်ပွဲရုံရှိ ဆန်အရောင်းအဝယ် လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့ကြောင့် ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်းသည် ယခင်က တစ်အိတ်လျှင် ငွေကျပ်နှစ်သောင်း ကျော်အထိ မြင့်တက်ခဲ့ သော်လည်း ယခုရက်ပိုင်းတွင် ငွေကျပ်တစ်သောင်း ကိုးထောင်ကျော်သို့ ပြန်လည်ကျဆင်း လာကြောင်း ဆန်ကုန်သည် တချို့ထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးကို မြန်မာအစိုးရက တရားဝင် ခွင့်ပြုထားသော်လည်း တရုတ်အစိုးရက ခွင့်မပြုသဖြင့် ကုန်သည်များက ဆန်အပါအဝင် မြန်မာပို့ကုန်များကို မှောင်ခိုစနစ်ဖြင့်သာ တင်သွင်းနေရပြီး သင်္ကြန် ကာလအပြီးတွင် တရုတ်နိုင်ငံမှ ဆန်ဝယ်ယူမှု တိုးမြှင့်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်၌ ဆန်ကြမ်းဈေးနှုန်းသည် တစ်အိတ်လျှင် ငွေကျပ် ၁ဝဝဝ မှ ၁၅ဝဝ ကြား ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...