Social Icons

Pages

Monday, June 12, 2017

ကျောက်ဖြူမြို့နယ် အတွင်းရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့ ကဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၂-၆-၂၀၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိစစ်တော၊ သစ်ပုတ်တောင်၊ စီမော်၊ စိုင်ချုံ၊မြဒေးကျွန်း၊ ကြုံချိုင်၊ ရှောက်ချောင်း၊ ပြိုင်ဆိပ်ကေ၊ နှမ်းဖဲတောင်၊ အုန်းတော၊ မင်းတပ်တောင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ များအားဇွန် ၉ ရက်မှ ယနေ့အထိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့ကကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြော ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် ဒေသခံပြည်သူစုစုပေါင်း ၅၉၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကျောက်ဖြူတပ်နယ်၊ စစ်တောတပ်နယ် တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...