Social Icons

Pages

Monday, June 12, 2017

ဟုမ္မလင်းမြို့၊ မြင်သာကျေးရွာအနီး၌ တရားမဝင်သစ်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူများအား သစ်များ၊ ဆက်စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရမိ


သိမ်းဆည်းရမိတရားမဝင်သစ်များနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်။

သိမ်းဆည်းရမိ ထွန်စက်ကို တွေ့ရစဉ်။

နေပြည်တော် ၁၂-၆-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မြင်သာကျေးရွာအနီး၌ တရားမဝင်သစ် ထုတ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဇွန် ၁ဝ ရက်နံနက် ၈ နာရီခန့်တွင် မြင်သာကျေးရွာ၏ တောင်ဘက် မီတာ ၁ဝဝဝဝ ခန့်အကွာ၌ တရားမဝင်သစ်လုပ်ငန်း လုပ်ကိုင်နေသည့် ဦးဇော်မင်းထွေး (ဘ) ဦးနီတိုး၊ ဦးကျော်ဝင်း (ဘ) ဦးအိုက်သန့်၊ ဦးဝင်းထွန်း (ဘ) ဦးစံပိုင်၊ဦးမြင့်ကျော် (ဘ) ဦးအိုက်မောင်၊ ဦးနိုင်ဝင်း (ဘ)ဦးမောင်းလုံးနှင့် ဦးကျော်ရွှေ (ဘ) ဦးထွန်းဝေ တို့ကို တရားမဝင်အင်သစ်လုံး ငါးလုံးနှင့် အင်သစ်ခွဲသားဆိုဒ်စုံ ၂၅၈ ချောင်း (စုစုပေါင်း၅ တန်ခန့်)၊ထွန်စက်သုံးစီး၊ ၂၂ ကောင်အင်ဂျင်တစ်လုံး၊၄ ပေလွှ ဝိုင်းတစ်ခုနှင့် ဆက်စပ်ပစ္စည်းများ၊ ချိန်းဆောတစ်လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက်အား ဆက်လက်ရှင်းလင်းရာ နံနက် ၉ နာရီခွဲခန့်တွင် တရားမဝင်သစ်လုပ်ငန်း လုပ်ကိုင်နေသည့် ဦးဝင်းသန်း (ဘ) ဦးချစ်တင်၊ ဦးမျိုး (ဘ) ဦးအောင်ငြိမ်း၊ ဦးနိုင်ဌေး (ဘ) ဦးထွန်းဝယ်၊ ဦးထွန်းထွန်းနိုင် (ဘ) ဦးဘဦးနှင့် ဦးကံလင်း (ဘ) ဦးအောင်ဘတို့ကို အင်သစ်လုံး ၁၉ လုံးနှင့် အင်သစ်ခွဲသားဆိုဒ်စုံ ၁၃၈ ချောင်း(စုစုပေါင်း၉ တန်ခန့်)၊ ၂၅ ကောင် အင်ဂျင်တစ်လုံး၊ ၃ ပေလွှဝိုင်းနှစ်ခုနှင့် ဆက်စပ်ပစ္စည်းများ၊ထွန်စက်တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၊ သစ်များနှင့် ဆက်စပ်ပစ္စည်းများအား ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနနှင့် ဟုမ္မလင်းမြို့မရဲစခန်းတို့မှ တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...