Social Icons

Pages

Friday, June 9, 2017

ပင်လည်ဘူးမြို့နယ် ဟဲသတ်ကျေးရွာအုပ်စု ပန်းခူးကျေးရွာတွင် တမလန်းသစ်များ ဖမ်းဆီးရမိ



ပင်လည်ဘူး ၉-၆-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ဟဲသတ်ကျေးရွာအုပ်စု ပန်းခူးကျေးရွာအနီးတွင် တမလန်းသစ်များ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၏ သတင်းချပေး ချက်အရ ဇွန် ၇ရက် ညနေ ၅နာရီမိနစ် ၃ဝခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး ဦးဆောင်ပြီး မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ဦးတိုက်စိုး၊ တောခေါင်းဦးမိုး ကျော်ထွန်း၊ သစ်တောရဲဝန်ထမ်း ခင်မောင်ထွန်း၊ မြေလင်းရဲစခန်း ဒုတိယရဲမှူးနေလင်း၊ ပင်လည်ဘူးမြို့မရဲစခန်းမှ ဒုတိယရဲအုပ် ဖြိုးဝေလင်း၊ ဟဲသတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းရင်ပါ ပူးပေါင်းအဖွဲ့တို့သည် ဟဲသတ်ကျေးရွာ အုပ်စု၊ ပန်းခူးကျေးရွာ အရှေ့ဘက် နှစ်မိုင်ခန့် အကွာနေရာတွင် တမလန်းဓားရွေတုံး ၁၉တုံး၊ ၂ ဒသမ ၆၆၇၆တန်၊ ဒေသပေါက်ဈေး တန်ဖိုးငွေကျပ် ၆၆၆၉ဝဝ ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိ ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော သစ်များကို ပင်လည်ဘူးမြို့နယ် မြေလင်းဘိနယ် ပျိုးဥယျာဉ်စခန်းသို့ သယ်ယူ ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...