Social Icons

Pages

Friday, June 9, 2017

ယခုဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ မေ ၂၅ရက်ထိ ပြည်ပပို့ကုန်ကဏ္ဍတွင် ယခင်ဘဏ္ဍာနှစ်ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့



နေပြည်တော် ၉-၆-၂၀၁၇

ယခုဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ မေ၂၅ရက်ထိ ပြည်ပပို့ကုန် ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ၇ ဘီလီယံကျော်ဖိုး ဆောင်ရွက်နိုင် ခဲ့သဖြင့်ယခင်ဘဏ္ဍာနှစ်ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်းစီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ သိရသည်။ 

ယခုဘဏ္ဍာနှစ်၏ ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ ဒသမ၇ဘီလီယံကျော်ဖိုး တင်ပို့ခဲ့ရာတွင် စက်မှုကုန်ချောအုပ်စုက ၃၉ရာခိုင်နှုန်းဖြင့် အများဆုံးတင်ပို့ နိုင်ခဲ့ပြီးလယ်ယာ ထွက်ကုန်ပစ္စည်း အုပ်စုက ၃၁ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးတင်ပို့ နိုင်ခဲ့ကာရေထွက် ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း ၁၅ရာခိုင်နှုန်းနှင့် အခြားပို့ကုန် ပစ္စည်းအုပ်စုက ၁၅ရာခိုင်နှုန်းဖြင့် တတိယအများဆုံး တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ နှစ်လနီးပါး ကာလအတွင်း ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ဒသမ၇ဘီလီယံကျော်ဖိုး တင်ပို့နိုင်ခဲ့ခြင်းမှာ ဈေးကွက်ဖောက်သည် နိုင်ငံသစ်များသို့ တိုးချဲ့တင်ပို့နိုင်ခြင်း၊ ကုန်ပစ္စည်းတင် ပို့မှုလမ်းကြောင်းများ ပိုမိုပွင့်လင်းလာခြင်းတို့ ကြောင့်ဖြစ်ပြီး ပို့ကုန်ကဏ္ဍတွင် အဓိကအားထား နေရသည့် ပဲမျိုးစုံတင်ပို့မှု ဈေးကွက်သည် ယခင်နိုင်ငံ ၁၁နိုင်ငံကိုသာ တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ဖောက်သည်ဈေးကွက်နိုင်ငံ ၁၈ နိုင်ငံထိ ဈေးကွက်တိုးချဲ့တင်ပို့နိုင် ခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ 

ယခုဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ မေ ၂၅ရက်ထိ ပို့ကုန်တန်ဖိုးသည် ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၂၇ဝ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...