Social Icons

Pages

Friday, June 9, 2017

ဝေရောစနကျောက်စိမ်း စေတီတော် သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပမည်



မန္တလေး ၉-၆-၂၀၁၇

မန္တလေး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးဒေသရှိ ဝေရောစန ကျောက်စိမ်းစေတီတော် သတ္တမအကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇွန် ၁၉ရက်မှ ၂၃ရက်ထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ဝေရောစနကျောက်စိမ်း စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအရှင် ကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ကြီး) ၏ တစ်နှစ်လျှင် သုံးကြိမ်ပြည့်အောင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်ရမည် ဖြစ်ကြောင်း သြဝါဒအရ ယခုအခါဝေရောစန ကျောက်စိမ်းစေတီတော် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို စေတီတော်သြဝါဒ ဆရာတော်ကြီးများနှင့် စေတီတော်၏ ဂေါစရဂါမ်နယ်မြေရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော် ၄၅ပါးတို့သည် ဇွန် ၁၉ရက် နံနက် ၉နာရီတွင် သတ္တမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စေတီတော် ဂေါစရဂါမ်နယ်မြေ ကျေးရွာများဖြစ်သော ဆင်ရွာမြင်းမှူးကျေးရွာ၊ သူငယ်တော်ကျေးရွာ၊ လက်ပံဇင်ကျေးရွာ၊ ရေကြည်ပေါက်ကျေးရွာ၊ စားတော်ကျေးရွာ၊ မြစ်တူးကျေးရွာ၊ ချင်းရွာကျေးရွာ၊ ဘနောကျေးရွာ၊လိပ်ဆံခွံကျေး ရွာ၊ဥယျာဉ်တော်ကျေးရွာ၊ တဘက်ကျေးရွာ၊ မိချောင်းဝကျေးရွာ၊ တပ်ကြီးအရှေ့၊ အနောက်၊ ဘုန်းတော်နိုင်ငံကျေးရွာ၊ဖရဲကျွန်းအရှေ့၊အနောက်၊မြင်တော်ကျေးရွာ၊ ဒုတ်ရဲကျေးရွာ၊ ရွှေလေးကျေးရွာဆေးအိုးဖိုကျေးရွာနှင့် ရဲလွန်းကျော် ကျေးရွာတို့က အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေကြသော သံဃာတော်နှင့် ဧည့်ပရိသတ်များအားနေ့စဉ် ဆွမ်း၊ ကွမ်းဝေယျာဝစ္စများ အလှည့်ကျ စီစဉ်ဆောင်ရွက် ကုသိုလ်ယူကြမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပဋ္ဌာန်းအလှူတော်ငွေများ လှူဒါန်းခြင်း၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများနှင့် ခဲဘွယ်ဘောဇဉ် ဒါတဗ္ဗဝတ္ထုအစုစုတို့ လှူဒါန်းလိုသူများ အနေဖြင့် ဝေရောစနကျောက်စိမ်း စေတီတော်ဓမ္မာရုံ အလှူခံဌာန ဖုန်း ဝ၉-၄၃၁ဝ၆၃၇၁နှင့် ဝ၉-၂၅၄၃၃ဝ၅၉၅ တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...