Social Icons

Pages

Tuesday, May 23, 2017

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး MR. JUKR BOON-LONG ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ


ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး MR. JUKR BOON-LONG အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၃-၅-၂၀၁၇

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး MR. JUKR BOON-LONG ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာများ၊ နှစ်နိုင်ငံတပ်မတော်ချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံနယ်နိမိတ် ဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များတို့ကို
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ်စန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...